ဩဂုတ် - ၅ ( အင်္ဂါနေ့ )
လီဆိုသိုဘုရင်နိုင်ငံတော်က တောင်အာဖရိကနိုင်ငံနဲ့ ပတ်ပတ်လည်ဝိုင်ရံထားတဲ့ ကုန်းတွင်းပိတ်နိုင်ငံတစ်ခု ဖြစ်ပါတယ်။ မနေ့ကတော့ လီဆိုသို ကုန်သွယ်ရေး၊ စက်မှုနှင့် အသေးစား စီးပွားရေးဝန်ကြီး မိုခီသီရှီလီလီက အမေရိကန်နဲ့ စီးပွားရေး မလုပ်တော့ဘူး၊ အခြားနိုင်ငံတွေကိုပဲ လိုက်ရှာတော့မယ် လို့ ပြောလာပါတယ်။ သူ့ရဲ့ အကြောင်းပြချက်ကတော့ အမေရိကန်နိုင်ငံရဲ့ ကုန်သွယ်ခွန်တိုးမြှင့်မှုကြောင့်ရယ်၊ ဈေးဝယ်သူ အကြိုက် ပြောင်းသွားတာတွေရယ်ကြောင့်ပဲလို့ ဆိုပါတယ်။
“ကျနော်တို့ အမေရိကန်ဈေးကွက်ကနေ စပြီးထွက်ခွာနေပါပြီ။ ဥရောပမှာ ကျနော်တို့အတွက် စီးပွားရေး မိတ်ဖက်အသစ်တွေကို ရှာနေပါတယ်။ အမေရိကန်မှာက ဝယ်လက်တွေရှိပေမဲ့ သူတို့နားမှာရှိတဲ့ အန္တရာယ်တွေက ကျနော်တို့ကိုနောက်ထပ် အလုပ်လုပ်လို့မရအောင် လုပ်နေပါတယ်။ စိန်ခေါ်မှုတွေက များပါတယ်” လို့ ပြောသွားပါတယ်။
ဝန်ကြီးရဲ့ အဆိုအရ လီဆိုသို အထည်ချုပ် တင်ပို့မှု၏ ၂၀ % နီးပါးက အမေရိကန်ဈေးကွက်သို့ ဦးတည်နေပါတယ်။ မကြာသေးမီက ၂ဘက်အစိုးရ ညှိနှိုင်းမှုများကြောင့် အခွန်အခများကို ၁၅ % သို့ လျှော့ချခဲ့ပေမဲ့ အမေရိကားမှာ လီဆိုသို အထည်ဈေးကွက်က သိပ်မကောင်းတော့ပါဘူး။ အမေရိကန်တွေက ၅၀% ကောက်ကောက် ၁၅ % ကောက်ကောက် ဘာမှ ထူးခြားမလာပါဘူး။ ဘာဖြစ်လို့လည်း ဆိုတော့ သူတို့နိုင်ငံထုတ် အထည်တွေက ဈေးကွက်ထဲမှာ ယှဉ်ပြိုင်နိုင်စွမ်း နည်းနေလို့ပါ လို့ ပြောသွားပါတယ်။
လီဆိုသိုသည် တောင်အာဖရိက၊ နမီးဘီးယား၊ ဘော့ဆွာနာနှင့် အက်စဝပ်တီနီတို့ ပါဝင်သော တောင်ပိုင်းအာဖရိက အကောက်ခွန်သမဂ္ဂ (SACU) အတွင်း ပို့ကုန်များ ချဲ့ထွင်ရန် ကြိုးပမ်းနေပြီး ဥရောပနှင့် အာဖရိကတိုက်ရှိ လွတ်လပ်သော ကုန်သွယ်မှုဧရိယာ (AFCFTA) အောက်တွင် သဘောတူညီချက်အသစ်များ ရှာဖွေနေကြောင်း ၎င်းက ပြောကြားခဲ့ပါတယ်။
REF: RT
https://t.me/MyanmarNationalPost

No comments:
Post a Comment