ဩဂုတ် - ၅ ( အင်္ဂါနေ့ )
အစ္စရေးကာကွယ်ရေးတပ်ဖွဲ့ (IDF) မှ ကန့်ကွက်နေသော်လည်း ဂါဇာကို အပြည့်အဝသိမ်းပိုက်ရန် အစိုးရအဖွဲ့ရဲ့ ကျောထောက်နောက်ခံကို ရှာဖွေမယ်ဆိုပြီး အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင်နေတန်ယာဟုက ဝန်ကြီးများအား ပြောကြားခဲ့တယ်လို့ မနေ့က The Times of Israel သတင်းဌာနက ဖော်ပြခဲ့ပါတယ်။
အစ္စရေးက ဂါဇာကို ၁၉၆၇ ခုနှစ်မှ ၂၀၀၅ ခုနှစ်အထိ ၃၈ နှစ်ကြာ ထိန်းချုပ်ခဲ့ပါတယ်။ နောက်ပိုင်းမှာ အစ္စရေး အခြေချနေထိုင်သူတွေနဲ့ အစ္စရေး စစ်တပ်က ဂါဇာကနေ ထွက်သွားနောက် ပါလက်စတိုင်းတွေက အဲ့ဒိဒေသတွေ မှာ ကျန်နေခဲ့ပါတယ်။ ပါလက်စတိုင်းတွေက အစိုးရဖွဲ့ပြီး ရွေးကောက်ပွဲတွေ လုပ်ခဲ့ပါတယ် ။ ၂၀၀၆ ခုနှစ်မှာ ဟားမတ်စ်တွေ ရွေးကောက်ပွဲ နိုင်ပြီးနောက်ပိုင်း မှာ နောက်ထပ် ရွေးကောက်ပွဲ ထပ်မလုပ်တော့ဘဲ ပါလက်စတိုင်းတွေကို အုပ်ချုပ်ခဲ့ပါတယ်။
အစ္စရေး ဝန်ကြီးအများအပြားနဲ့ သီးသန့်စကားပြောဆိုမှုများအတွင်း နေတန်ယာဟုသည် စစ်ရေးစစ်ဆင်ရေးများ တိုးချဲ့ရန်အတွက် လျှို့ဝှက်စကားဝိုင်းများအတွင်း “သိမ်းပိုက်ခြင်းဆိုတဲ့ သူ့ရဲ့အမြင်ကို ထင်ဟပ်စေတဲ့ အသုံးအနှုန်းကို ရည်ညွှန်းခဲ့တယ်လို့ သတင်းဌာနက ဆိုပါတယ်။ အစိုးရအနေနဲ့ မဲဆွယ်စည်းရုံးရေး၏ အနာဂတ် ကို ဆွေးနွေးရန် ပြင်ဆင်နေချိန်မှာ အဲ့ဒိကိစ္စက အစိုးရအဖွဲ့ဝင်တွေကို သိသိသာသာ ပြောင်းလဲ သွားစေ ပါတယ်။ “ဆုံးဖြတ်ချက်ကတော့ ခိုင်မာသွားပါပြီ ။ ဂါဇာကို အပြီးသိမ်းဖို့အတွက်ကိုပါ။ စစ်ဆင်ရေးတွေကို ဓားစာခံတွေ ချုပ်နှောင်ထားတဲ့ နေရာတွေမှာတောင်လုပ်ကြမှာပါ။ IDF ဦးစီးချုပ်ကတော့ သဘောမတူရင် ရာထူးက နုတ်ထွက်ရလိမ့်မယ်” လို့ နေတန်ယာဟုနဲ့ နီးစပ်တဲ့ အကြီးတန်း အရာရှိတစ်ဦးက သတင်းဌာနကို ပြောသွားပါတယ်။
လက်ရှိမှာ IDF က ဂါဇာရဲ့ ၇၅ ရာခိုင်နှုန်းခန့်ကို သိမ်းပိုက်ထားတယ်လို့ ဆိုပေမဲ့ အစီအစဥ်သစ်အရ စစ်တပ်က ကျန်ရှိတဲ့ ဧရိယာကိုလည်း သိမ်းပိုက်ပြီး နယ်မြေတစ်ခုလုံးကို အစ္စရေးထိန်းချုပ်မှုအောက်မှာ ထားမဲ့ပုံ ပေါ်နေပါတယ်။ IDF ကတော့ ဂါဇာကမ်းမြောင်ဒေသအားလုံးကို ထိန်းချုပ်ရန် စိတ်ကူးကို ဆန့်ကျင် နေပါတယ်။ ဟားမတ်စ်တွေရဲ့ အခြေခံအဆောက်အအုံအားလုံးကို ဖျက်သိမ်းဖို့ဆိုတာက နှစ်ပေါင်းများစွာ ကြာနိုင်တယ်လို့ စစ်တပ်က သုံးသပ် ထားပါတယ်။ ဒါ့အပြင် စစ်တပ်က ဟားမတ်စ်တွေနဲ့ အနီးကပ် ပွတ်တိုက်မှုဖြစ်ပါက ဓားစားခံတွေကို ကွပ်မျက်ဖို့ အကြောင်းဖြစ်သွားလိမ့်မယ် ဆိုထားပါတယ်။ ဟားမက်စ်တွေ လက်ထဲမှာက ဓားစာခံ ၅၀ လောက်ကျန်နေပါသေးတယ် ၊ အဲ့ဒိထဲက ထက်ဝက်ကျော်လောက် အသက်ရှင်နေနိုင်သေးတယ် လို့ တွက်ချက်ထားပါတယ်။
REF: RT
https://t.me/MyanmarNationalPost

No comments:
Post a Comment