အောင်မြေသာစံမြို့နယ်တွင် မြို့နယ်ပညာရေးမှူးဖလား အခြေခံပညာကျောင်းပေါင်းစုံ အမျိုးသားဘောလုံးပြိုင်ပွဲ ဖွင့်ပွဲပြုလုပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

အောင်မြေသာစံမြို့နယ်တွင် မြို့နယ်ပညာရေးမှူးဖလား အခြေခံပညာကျောင်းပေါင်းစုံ အမျိုးသားဘောလုံးပြိုင်ပွဲ ဖွင့်ပွဲပြုလုပ်



အောင်မြေသာစံ ၊  ဩဂုတ် ၁၉


မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံမြို့နယ်၊ မြို့နယ်ပညာရေးမှူးဖလား၊ အခြေခံပညာကျောင်းပေါင်းစုံ အသက် (၁၁) နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ဩဂုတ်လ ၁၉ ရက်နေ့ နံနက် ၇ နာရီက ၈၁လမ်း၊ ၂၃/ ၂၄ လမ်းကြားရှိ အမှတ် (၂၁) အခြေခံပညာမူလတန်းကျောင်း၊ အားကစားပြိုင်ကွင်းတွင် ပြုလုပ်ခဲ့သည်။

အခမ်းအနားသို့ မြို့နယ်ပညာရေးမှူးနှင့် ဒုတိယမြို့နယ်ပညာရေးမှူးများ၊ အထက်တန်း၊ အလယ်တန်း၊ မူလတန်းကျောင်းအုပ်ကြီးများ၊ ကျောင်းအသီးသီးမှ ကာယဆရာများ၊ ပြိုင်ပွဲဝင်အသင်း (၁၂) သင်းမှ အသင်းအုပ်ချုပ်သူ၊ နည်းပြနှင့်အားကစားသမားများ တက်ရောက်ကြသည်။

အစီအစဉ်အရ တက်ရောက်လာကြသူများနှင့်အားကစားသမားများ၊ တာဝန်ရှိသူများက နိုင်ငံတော်သီချင်းသီဆို၍ နိုင်ငံတော်အလံကို အလေးပြုကြသည်။ ထို့နောက် မြို့နယ်ပညာရေးမှူး ဒေါ်သီတာဌေးက အမှာစကားပြောကြားပြီး ပြိုင်ပွဲဝင်အားကစားသမားများက အားကစားသစ္စာ အဓိဋ္ဌာန်ရွတ်ဆိုကြသည်။

အဆိုပါ မြို့နယ်ပညာရေးမှူးဖလား၊ အသက် (၁၁) နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲတွင် ပညာရေးနယ်မြေတစ်စုလျှင် နှစ်သင်းစီဖြင့် စုစုပေါင်း ပြိုင်ပွဲဝင်အသင်း (၁၂) သင်း ပါဝင်ယှဉ်ပြိုင်ကြမည်ဖြစ်ပြီး အုပ်စုပတ်လည်ပွဲစဉ်များ၊ ရှုံးထွက်ပွဲစဉ်များကို အစဉ်အတိုင်း ဆက်လက်ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း သိရသည်။


မြင့်မော်ထွန်း

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)