နေပြည်တော်၊ ဩဂုတ် ၁၉
မွေးမြူရေးသုတေသနဆိုင်ရာဆွေးနွေးပွဲကို ယမန်နေ့က နေပြည်တော် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ကျင်းပရာ ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီးက ဖွံ့ဖြိုးရေးနှင့်တိုးတက်အောင်မြင်ရေးအတွက် သုတေသနလုပ်ငန်းကို အလေးထားဆောင်ရွက်ရန်လိုအပ်ကြောင်း၊ တစိုက်မတ်မတ်အားထုတ်ကြိုးပမ်းမှုမှ ထွက်ပေါ်လာသည့် သုတေသနရလဒ်ကောင်းတစ်ခုက အကျိုးကျေးဇူးများစွာ ဖြစ်ထွန်းစေနိုင်သည်ကို သတိပြု၍ မိမိတို့နိုင်ငံ၏ မွေးမြူရေးကဏ္ဍ ပြောင်းလဲတိုးတက်ရေးအတွက် မွေးမြူရေးဆိုင်ရာ သုတေသနလုပ်ငန်းများကို စဉ်ဆက်မပြတ် ကြိုးပမ်းအားထုတ်ကြရန် တိုက်တွန်းလိုကြောင်း ပြောကြားသည်။
ထို့နောက် မွေးမြူရေးသုတေသနဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်အတွင်း ဆောင်ရွက်မည့် မွေးမြူရေးသုတေသနဆိုင်ရာများကိုတင်ပြပြီး ပညာရှင်များက ဆောင်ရွက်ဆဲနှင့် ဆက်လက်ဆောင်ရွက်မည့် သုတေသနလုပ်ငန်းများကို တင်ပြကြရာ ဒုတိယဝန်ကြီးက ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
https://t.me/MyanmarNationalPost

No comments:
Post a Comment