တက္ကသိုလ်ဝင်စာမေးပွဲတွင်ထူးချွန်စွာအောင်မြင်ခဲ့ကြသည့် ကျောင်းသားကျောင်းသူများအား ဂုဏ်ပြုချီးမြှင့် - Myanmar National Post

Myanmar National Post

News Agency

Breaking

တက္ကသိုလ်ဝင်စာမေးပွဲတွင်ထူးချွန်စွာအောင်မြင်ခဲ့ကြသည့် ကျောင်းသားကျောင်းသူများအား ဂုဏ်ပြုချီးမြှင့်






မြဝတီ၊ သြဂုတ် ၁၉

၂၀၂၄-၂၀၂၅ ပညာသင်နှစ်တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ခဲ့ကြသည့် အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းရှိ ကျောင်းသား၊ ကျောင်းသူများနှင့်လူရည်ချွန်ကျောင်းသား၊ ကျောင်းသူများအား ကရင်ပြည်နယ် မြဝတီမြို့အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်းတွင် ယမန်နေ့က ဂုဏ်ပြုချီးမြှင့်ပွဲကျင်းပသည်။

အခမ်းအနားတွင် ခရိုင်ပညာရေးမှူး ဦးစောဝါးလယ်ထူးနှင့် မြို့နယ်ပညာရေးမှူး ဦးမိုးကျော်တို့က ဂုဏ်ပြုချီးမြှင့်စကားပြောကြားခဲ့ကြပြီး ကျောင်းအကျိုးတော်ဆောင် ဦးမျိုးအောင်က မုဒိတာစကား ပြောကြားသည်။

ဆက်လက်ပြီး အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းတွင် ထူးချွန်စွာအောင်မြင်ခဲ့ကြသည့်၂၀၂၄-၂၀၂၅ ပညာသင်နှစ် လူရည်ချွန်ဆုရ (Grade-9-10-12)တို့ မှ ကျောင်းသား၊ ကျောင်းသူ(၆)ဦး၊ သုံးဘာသာဂုဏ်ထူးရှင်နှစ်ဦး၊ ရူပဗေဒဘာသာရပ်၊ ဇီဝဗေဒဘာသာရပ်များဖြင့် ထူးချွန်စွာအောင်မြင်သည့် နှစ်ဘာသာဂုဏ်ထူးရှင်တစ်ဦးတို့နှင့် တက္ကသိုလ်ဝင်စာမေးပွဲအောင်မြင်ခဲ့ကြသည့် ကျောင်းသား/ကျောင်းသူ ၂၉ ဦးတို့ကို ဂုဏ်ပြုဆုငွေများ ချီးမြှင့်ခဲ့ကြပြီး လူရည်ချွန်(Grade-9)ကျောင်းသူ မဆောင်းနှင်းရွှေစင်က သင်ကြားပြသပေးခဲ့ကြသော မိဘဆရာများအား ကျေးဇူးတင်စကား ပြောကြားခဲ့ကြောင်း သိရှိရသည်။


ဆောင်းနှင်းဖြူ 

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)