ထရန့်ကတော့ ပီယဆေးထိုးထားတဲ့အတိုင်းပဲ တွေ့သမျှလူတိုင်းက အဆင်ပြေတယ်လို့ပြောတာပဲ - Myanmar National Post

Myanmar National Post

News Agency

Breaking

ထရန့်ကတော့ ပီယဆေးထိုးထားတဲ့အတိုင်းပဲ တွေ့သမျှလူတိုင်းက အဆင်ပြေတယ်လို့ပြောတာပဲ


ဩဂုတ် - ၁၉ ( အင်္ဂါနေ့ ) 

ယူကရိန်းခေါင်းဆောင် ဗလာဒီမာ ဇယ်လန်စကီးက အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်နဲ့ မနေ့ (တနင်္လာနေ့)က တွေ့ဆုံ စေ့စပ်ညှိနှိုင်းမှု ပြုခဲ့ရာ ၎င်း ကြုံဖူးသမျှတွေ့ဆုံပွဲတွေထဲမှာ အကောင်းဆုံး တွေ့ဆုံမှုအဖြစ် ချီးကျူးခဲ့ပါတယ်။ ဇီလန်စကီး နဲ့ အနောက်ဥရောပ ခေါင်းဆောင်အများအပြားတို့က အိမ်ဖြူတော်မှာ ထရမ့်နဲ့ တွေ့ဆုံခဲ့ပါတယ်။ 

ပြီးခဲ့တဲ့ ၃ ရက်အကြာ (သောကြာနေ့)ကလည်း ထရမ့်က အလက်စကာမှာ ရုရှားသမ္မတ ဗလာဒီမာပူတင် နဲ့ တွေ့ဆုံခဲ့တုန်းကလည်း ပူတင်က ထရမ့်နဲ့ တွေ့ဆုံရတာ အလွန်ကောင်းခဲ့ပါတယ်လို့ ဆိုပါတယ်။ 

အောင်မြင်မှုများကို ထုတ်ပြန်ကြေညာခြင်း မရှိသော်လည်း ဆွေးနွေးခဲ့သူများက  ယူကရိန်းနှင့် ရုရှားကြား ငြိမ်းချမ်းရေးရရှိရန် အပြုသဘောဆောင်သော ခြေလှမ်းတစ်ခုအဖြစ် ဖော်ပြကြပါတယ်။

"ဒီတွေ့ဆုံမှုအတွက် သမ္မတ ထရမ့် ကို ကျေးဇူးတင်ချင်ပါတယ်။ ဒါဟာ အရမ်းအရေးကြီးပါတယ်" လို့ ဇီလန်စကီး က အိမ်ဖြူတော်အပြင်ဘက်မှာ သတင်းထောက်တွေကို ပြောခဲ့ပါတယ်။ သူသည် စစ်မြေပြင်အခြေအနေနှင့် ပတ်သက်၍ အမေရိကန်အရာရှိများအား အကျဉ်းချုံးပြီး “နယ်မြေတစ်ခုစီကို အမှန်တကယ် ထိန်းချုပ်ထားသူ” ဖြစ်တယ်လို့လည်း ပြောခဲ့ပါတယ်။ 

ကျွန်တော်တို့ရဲ့ အဓိက ရည်မှန်းချက်က ယူကရိန်းနဲ့ ဥရောပအတွက် ခိုင်မာပြီး ရေရှည်တည်တံ့တဲ့ ငြိမ်းချမ်းရေးပါပဲ၊ ကျနော်က ရုရှား သမ္မတ ဗလာဒီမာပူတင်နဲ့ တွေ့ဆုံဖို့အဆင်သင့်ဖြစ်နေပါပြီ လို့လည်း ပြောသွားပါတယ်။ 

တွေ့ဆုံမှု မစခင် အစောပိုင်းမှာ ထရမ့်က ရုရှားခေါင်းဆောင်နှင့် ဖုန်းဖြင့် စကားပြောခဲ့ပြီး ပူတင် - ဇီလန်စကီး တွေ့ဆုံမှုအပြီးတွင် သုံးနိုင်ငံ ထိပ်သီးဆွေးနွေးပွဲကို စီစဉ်ရန် လုပ်ဆောင်မည်ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။ ငြိမ်းချမ်းရေး စည်းမျဉ်းများ လက်မှတ်ရေးထိုးရန် ပြင်ဆင်ပြီးပါက ဇီလန်စကီး နဲ့ တွေ့ဆုံရန် အသင့်ရှိကြောင်း ပူတင်က ပြောဖူးတာရှိပါတယ်။ 


REF: RT

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)