လသာမြို့နယ် အမှတ်(၁၀)ရပ်ကွက်တွင် အာဟာရစစ်ဆေးရေးလုပ်ငန်းများ ဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

လသာမြို့နယ် အမှတ်(၁၀)ရပ်ကွက်တွင် အာဟာရစစ်ဆေးရေးလုပ်ငန်းများ ဆောင်ရွက်



လသာ ၊ ဩဂုတ် ၁၉


ကျောက်တံတားခရိုင်၊ လသာမြို့နယ်၊ အမှတ်(၁၀)ရပ်ကွက်၌ ယမန်နေ့နံနက်ပိုင်းအချိန်က အာဟာရရက်သတ္တပတ်အလိုက် ကလေးငယ်များနှင့် မိခင်များအတွက် အာဟာရစစ်ဆေးရေးလုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါလုပ်ငန်းများတွင် သံချဆေးနှင့် ဗီတာမင် A တိုက်ကျွေးခြင်းများ ပြုလုပ်ခဲ့ပြီး ကလေးငယ်များတွင် သွေးအားနည်းရောဂါ၊ အာဟာရချို့တဲ့မှုများ ဖြစ်ပွားမှုမရှိစေရန်နှင့် ကျန်းမာရေးကောင်းမွန်စေရန် ရည်ရွယ်‌ကြောင်း သိရသည်။


ထို့အပြင် ကလေးငယ်များ၏ ကိုယ်ခန္ဓာတိုးတက်မှုအခြေအနေကို တိုင်းတာရန် MUAC တိုင်းခြင်းများဆောင်ရွက်ခဲ့ပြီး အာဟာရချို့တဲ့မှုမဖြစ်စေရန် ကြိုတင်ကာကွယ်ရေးအစီအစဉ်များ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။


နေလင်း

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)