တပ်မတော် (ကြည်း၊ရေ၊လေ)မှ တက္ကသိုလ်ဝင် စာမေးပွဲ၌ ထူးချွန်စွာ အောင်မြင်ခဲ့သော ကျောင်းသား/ကျောင်းသူများနှင့် လူရည်ချွန်ဆုရရှိသူများ နေပြည်တော်ရှိအထင်ကရနေရာများအား သွားရောက်လေ့လာ - Myanmar National Post

Myanmar National Post

News Agency

Breaking

တပ်မတော် (ကြည်း၊ရေ၊လေ)မှ တက္ကသိုလ်ဝင် စာမေးပွဲ၌ ထူးချွန်စွာ အောင်မြင်ခဲ့သော ကျောင်းသား/ကျောင်းသူများနှင့် လူရည်ချွန်ဆုရရှိသူများ နေပြည်တော်ရှိအထင်ကရနေရာများအား သွားရောက်လေ့လာ




နေပြည်တော်၊ ဩဂုတ် ၂၇

တပ်မတော် (ကြည်း၊ရေ၊လေ)မှ၂၀၂၄-၂၀၂၅ ပညာသင်နှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ ၌ ထူးချွန်စွာအောင်မြင်ခဲ့သည့် တပ်မတော် (ကြည်း၊ရေ၊လေ)မှ စစ်သည်များ၊ မိသားစု ဝင်မှီခိုသူသားသမီးများ၊ စစ်မှုထမ်းဟောင်း မိသားစုဝင်သားသမီးများ၊ စစ်သည် အစားခန့် အရပ်သားဝန်ထမ်းများ၏သားသမီးများ၊ လူရည်ချွန်ဆုရရှိသောကျောင်းသား၊ ကျောင်းသူ များ၊ နိုင်ငံတော်အဆင့်ပြိုင်ပွဲများတွင် ဆုရကျောင်းသား၊ ကျောင်းသူများနှင့် မိဘများ သည်ယနေ့နံနက်ပိုင်းတွင် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ဒက္ခိဏသီရိမြို့နယ်ရှိ ဗုဒ္ဓဥယျာဉ်ဝတ္ထုကံတော်တွင်တည်ထားပူဇော်သည့် ကမ္ဘာပေါ်ရှိထိုင်တော်မူ ကျောက်ဆစ်ဗုဒ္ဓ ရုပ်ပွားတော်များအနက် ဉာဏ်တော်အမြင့်ဆုံးဖြစ်သည့် မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော် မြတ်ကြီးအား ဖူးမြော်ကြည်ညိုကြပြီး ဘုရားရင်ပြင်တော် ပတ်လည်၌ စကျင်ကျောက် များအသုံးပြု၍ တည်ဆောက်ထားသည့် ဂန္ဓကုဋိတိုက်များအတွင်း ကြည့်ရှုလေ့လာကြသည်။

ထို့နောက်ဗိသုကာလက်ရာများဖြင့် ခမ်းနားထည်ဝါစွာ တည်ထားပူဇော်ထားသည့် အဂ္ဂါ ဓိပတိသာသနာ့ဗိမာန်တော်ကြီး၊ ကျောက်စာရုံ စေတီတော်များ၊ သုဓမ္မာဇရပ်များ၊ မုစလိန္ဒအိုင်နှင့် အခြားသာသနိကအဆောက်အအုံများကို ဖူးမြော်ကြည်ညိုလေ့လာကြ သည်။ ထို့မှတစ်ဆင့် ဥပ္ပါတသန္တိ စေတီတော်မြတ်ကြီးသို့ သွားရောက်ဖူးမြော်ကြည်ညို ကြသည်။

နေ့လည်ပိုင်းတွင် မြန်မာနိုင်ငံတော်အတွက် မိမိတို့၏ အသက်ကိုပင် ပဓာနမထား ဘဲ စွန့်လွှတ်စွန့်စားစွာ ပေးဆပ်ခဲ့ကြ၍ အမွန်မြတ်ဆုံးတုနှိုင်းဖွယ်ရာမရှိသော ဂုဏ်ဒြပ် များကို ပိုင်ဆိုင်ကြသည့် သူရဲကောင်းတစ်ဦးစီကို မော်ကွန်းတင် ကမ္ပည်းရေးထိုးထားရှိရာ အထိမ်းအမှတ်ဗိမာန်တစ်ခု ဖြစ်သည် သူရဲကောင်းဗိမာန်(နေပြည်တော်)သို့ သွားရောက် ဂါရဝပြု အလေးပြုကြကြောင်း သတင်းရရှိသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)