ပြည်တွင်းစစ်ကို အဆုံးသတ်ဖို့ ဒီအာကွန်ဂိုအစိုးရ နဲ့ လက်နက်ကိုင်အဖွဲ့ တွေ့ဆုံဆွေးနွေးကြပြီ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပြည်တွင်းစစ်ကို အဆုံးသတ်ဖို့ ဒီအာကွန်ဂိုအစိုးရ နဲ့ လက်နက်ကိုင်အဖွဲ့ တွေ့ဆုံဆွေးနွေးကြပြီ


ဩဂုတ် - ၂၇ ( ဗုဒ္ဓဟူးနေ့ ) 

နှစ်ရှည်လများဖြစ်ပွားနေတဲ့ ပဋိပက္ခကို အဆုံးသတ်ရန်အတွက် ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံက အစိုးရနဲ့ အဓိကလက်နက်ကိုင်အဖွဲ့  M23 တို့က ကာတာအစိုးရဖြန်ဖြေသူအဖြစ်နဲ့ ပါဝင်တဲ့ ဆွေးနွေးပွဲတွေကို ဒိုဟာမြို့မှာ စတင်လုပ်နေပြီလို့ ကာတာအစိုးရက ကြေညာခဲ့ပါတယ်။ ငြိမ်းချမ်းရေးကို ရှေးရှုရန် မကြာသေးမီက ကတိပြုထားပေမဲ့လည်း ဗဟိုအာဖရိကနိုင်ငံရဲ့ သတ္တုတွင်းတွေရှိတဲ့ နိုင်ငံရဲ့ အရှေ့ဘက်ပိုင်းမှာ တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေပါတယ်။ 

ကာတာနိုင်ငံခြားရေးဌာန ပြောရေးဆိုခွင့်ရှိသူ မာဂျက် အယ်လ် အန်ဆာရီ က ကွန်ဂိုအစိုးရ နဲ့ M23 ကိုယ်စားလှယ်များက ပြီးခဲ့သောလအတွင်းက လက်မှတ်ရေးထိုးခဲ့တဲ့ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် အပေါ် တိုးတက်မှုတွေဆက်လုပ်နိုင်ဖို့အတွက် ထက်မံတွေ့ဆုံကြတာဖြစ်တယ် လို့ သတင်းထောက်တွေကို ပြောပါတယ်။ 

M23 သူပုန်များက နိုင်ငံရဲ့ အရှေ့ပိုင်းပြည်နယ်များတွင် ယခုနှစ်အစောပိုင်းက ထိုးစစ်များ ပြင်းထန်လာတာဖြစ်လို့ ဒေသတွင်းနှင့် နိုင်ငံတကာမှ အဖွဲ့တွေက အပစ်အခတ်ရပ်စဲရေးကို တွန်းအားပေးခဲ့ကြပါတယ်။ စစ်သွေးကြွများသည် ဂိုမာ နဲ့ ဘူကာဗူ အပါအဝင် အဓိက မိုင်းတွင်းများကို သိမ်းပိုက်ခဲ့ပြီး လူထောင်ပေါင်းများစွာကို သတ်ဖြတ်ခဲ့တယ်လို့ သိရပါတယ်။  

ဇူလိုင်လအတွင်းမှာတော့ ကွန်ဂိုအရာရှိများနှင့် စစ်သွေးကြွများသည် ကာတာစေ့စပ်ညှိနှိုင်းဆွေးနွေးမှုများအပြီး လအတန်ကြာ ငြိမ်းချမ်းရေးအတွက် အချိန်ဇယားအသစ်တစ်ခုကို သတ်မှတ်ထားတဲ့  ဒိုဟာ ကြေငြာချက်မှာ လက်မှတ်ရေးထိုးခဲ့ပါတယ်။ 

သြဂုတ်လ ၈ ရက်နေ့တွင် စေ့စပ်ညှိနှိုင်းမှုများ ပြုလုပ်ရန် သဘောတူညီခဲ့ကြပြီး ဩဂုတ်လ ၁၈ ရက်နေ့တွင် အပြည့်အဝ ငြိမ်းချမ်းရေး သဘောတူညီချက်ကို ချုပ်ဆိုခဲ့ကြပါတယ်။ ကွန်ဂိုအစိုးရဘက်ကတော့ အဆိုပါ လှုပ်ရှားမှုသည် ရေရှည်တည်တံ့သော အပစ်အခတ်ရပ်စဲရေးဆီသို့ ခြေလှမ်းတစ်ခုအဖြစ် ချီးကျူးပြောဆိုခဲ့ပေမဲ့ နောက်ဆုံးသတ်မှတ်ရက်မှာ တိုးတက်မှုမရှိဘဲ ကျော်လွန်သွားခဲ့ပါတယ်။ တစ်ဖက်နှင့်တစ်ဖက် ချိုးဖောက်မှုများ ရှိတယ်လို့လည်း စွပ်စွဲခဲ့ပါတယ်။ 


REF: RT

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)