အမေရိကန်ရေနံကုမ္ပဏီကြီး က ရုရှားကို ပြန်လာဖို့အတွက် စဉ်းစားနေပြီ လို့ ဆို - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

အမေရိကန်ရေနံကုမ္ပဏီကြီး က ရုရှားကို ပြန်လာဖို့အတွက် စဉ်းစားနေပြီ လို့ ဆို


ဩဂုတ် - ၂၇ ( ဗုဒ္ဓဟူးနေ့ ) 

အမေရိကန်စွမ်းအင်ကုမ္ပဏီကြီးတစ်ခုဖြစ်တဲ့ အက်ဇွန်မိုဘိုင်း (ExxonMobil)က ၂၀၂၂ ရုရှား - ယူကရိန်း ပဋိပက္ခဖြစ်ပြီးနောက် အခြားနိုင်ငံခြားကုမ္ပဏီများလို ရုရှားနိုင်ငံက ထွက်ခွာခဲ့ပါတယ်။ အခုတော့ ဝေါ်စထရိဂျာနယ် နဲ့ ကုမ္ပဏီအကြီးအကဲတွေရဲ့ အင်တာဗျူးကနေ သိလာရတဲ့အချက်ကတော့ ကုမ္ပဏီအနေနဲ့ ရုရှား မှာ ရင်းနှီးမြုပ်နှံမှုတွေ ပြန်လုပ်တော့မယ်လို့စဉ်းစားပြီလို့ သိရပါတယ်။ 

ဒီလအစောပိုင်းမှာ ရုရှားသမ္မတ ဗလာဒီမာပူတင်က ရုရှားအရှေ့ဖျားရှိ ဆက်ခါလင်း - ၁ ရေနံနဲ့ သဘာဝဓာတ်ငွေ့ လုပ်ငန်းက ရှယ်ယာတွေကို အမေရိကန်ကုမ္ပဏီအနေနဲ့ ပြန်လိုချင်ရင် ပြန်ပေးမယ်လို့ ခွင့်ပြုပေးလိုက်ပါတယ်။ နိုင်ငံခြားကုမ္ပဏီများ ပြန်လည်ဝင်ရောက်ခြင်းဆိုင်ရာ စည်းမျဉ်းများကိုလည်း ပူတင်က မွမ်းမံပြင်ဆင်တဲ့အမိန့်ကိုလည်း ထုတ်လိုက်ပါတယ်။ 

ပြီးခဲ့တဲ့ သီတင်ပတ်က ပူတင် - ထရမ့် ထိပ်သီးဆွေးနွေးပွဲက ရုရှားနှင့် ယူကရိန်းကြား ငြိမ်းချမ်းရေးဆီသို့ အရေးပါသော ခြေလှမ်းတစ်ခုအနေနဲ့ လုပ်ခဲ့ကြတယ်ဆိုပေမဲ့ မော်စကိုနှင့် ဝါရှင်တန်ကြား အလားအလာရှိသော စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုများကိုလည်း ဆွေးနွေးခဲ့ကြပါတယ်လို့ သိရပါတယ်။ 

အက်ဇွန်မိုဘိုင်း က အကြီးတန်းအမှုဆောင်အရာရှိများသည် ရုရှား အကြီးဆုံးနိုင်ငံပိုင်စွမ်းအင်ကုမ္ပဏီ ရော့စ်နက်ဖ် ပဋိပက္ခကာလတစ်လျှောက်လုံး လျှို့ဝှက်တွေ့ဆုံ ဆွေးနွေးခဲ့ပြီး ဆာခါလင်း စီမံကိန်းကို အစိုးရနှစ်ရပ်စလုံးက အတည်ပြုပါက ပိုမိုကျယ်ပြန့် အောင်လုပ်မယ်လို့ ဆွေးနွေးထားပြီးသားဖြစ်ပါတယ်။ အကြီးတန်းဒုတိယဥက္ကဌ နေးလ် ချက်ပ်မင်း က ကာတာမြို့တော် ဒိုဟာတွင် လက်ရှိ အမေရိကန်က ပိတ်ဆို့အရေးယူထားတဲ့ ရော့စ်နက်ဖ် စီအီးအို အီဂါဆာချင် နဲ့ တွေ့ဆုံခဲ့ကြောင်း သတင်းရင်းမြစ်များက ပြောထားခဲ့ပါတယ်။ 

လက်ရှိအနေအထားက ရုရှား - ယူကရိန်းပဋိပက္ခက ငြိမ်းချမ်းရေး ရမလား မရဘူးလား ဆိုတာက မသေချာသေးပါဘူး။ ကျွမ်းကျင်သူတွေကတော့ ဆာခါလင်းမှာ အမေရိကန်ကုမ္ပဏီတွေ ပြန်လည်ရင်းနှီးမြုပ်နှံမှုက ပူတင်ရဲ့ မူဝါဒပေါ်မှာပဲ မူတည်နေတယ်လို့ ဆိုနေကြပါတယ်။ ရုရှားက ထွက်သွားတဲ့ ကုမ္ပဏီတွေအနေနဲ့ ငွေကြေးဆုံးရှုံးမှုတွေကို ပြန်ရဖို့ဆိုတာက ရုရှား ရဲ့ ပေါ်လစီနဲ့ပဲ ဆိုင်တယ်လို့လည်း ပြောနေကြပါတယ်။ ဆာခါလင်းကနေ အမေရိကန်ထွက်သွားပြီးနောက်မှာ ဂျပန်နဲ့ အိန္ဒိယက အဲ့ဒိရှယ်ယာတွေကို ခွဲယူ ထိန်းသိမ်းထားပါတယ်။ 


REF: RT

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)