ဥပဒေကောက်နှုတ်ချက်
ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲများကို နှောင့်ယှက်ဟန့်တားဖျက်ဆီးခြင်းမှ ကာကွယ်ပေးရေးဥပဒေ -
ပုဒ်မ ၁၇။ မည်သူမျှ မဲဆန္ဒရှင်တစ်ဦးဦးကို ဆန္ဒမဲမပေးနိုင်စေရန်အတွက် အောက်ပါပြုလုပ်မှုတစ်ခုခုကို တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေမပြုရ-
(က) ခြိမ်းခြောက်ခြင်း၊ ဟန့်တားခြင်း၊ မလျော်ဩဇာသုံးခြင်း၊
(ခ) မိမိအလိုအလျောက် နာကျင်စေခြင်း၊
(ဂ) မိမိအလိုအလျောက် အပြင်းအထန်နာကျင်စေခြင်း။
ပုဒ်မ ၂၄။ မည်သူမဆို-
(က) ပုဒ်မ ၁၇ ပုဒ်မခွဲ(က)၊ (ခ)၊ ပုဒ်မ ၁၈ ပုဒ်မခွဲ(က)၊ (ခ)၊ ပုဒ်မ ၁၉ ပုဒ်မခွဲ(က)၊ (ခ) သို့မဟုတ် ပုဒ်မ ၂၀ ပုဒ်မခွဲ(က)၊ (ခ) ပါတားမြစ်ချက်တစ်ရပ်ရပ်ကို ဖောက်ဖျက်ကျူးလွန်ကြောင်း ပြစ်မှု ထင်ရှားစီရင်ခြင်း ခံရလျှင် ထိုသူကို ထောင်ဒဏ်အနည်းဆုံး သုံးနှစ်မှ အများဆုံး ခုနစ်နှစ်အထိချမှတ်ရမည့်ပြင် ငွေဒဏ်လည်းချမှတ်နိုင်သည်၊
(ခ) ပုဒ်မခွဲ(က)ပါ ပြစ်မှုတစ်ရပ်ရပ်ကို လူစုလူဝေးဖြင့် ဖောက်ဖျက်ကျူးလွန်ကြောင်း ပြစ်မှုထင်ရှား စီရင်ခြင်းခံရလျှင် ပြစ်မှုကျူးလွန်သူများကို ထောင်ဒဏ်အနည်းဆုံး ငါးနှစ်မှ အများဆုံး ဆယ်နှစ်အထိ ချမှတ်ရမည့်ပြင် ငွေဒဏ်လည်းချမှတ်နိုင်သည်။
ပုဒ်မ ၂၅။ မည်သူမဆို-
(က) ပုဒ်မ ၁၇ ပုဒ်မခွဲ(ဂ)၊ ပုဒ်မ ၁၈ ပုဒ်မခွဲ(ဂ)၊ ပုဒ်မ ၁၉ ပုဒ်မခွဲ(ဂ) သို့မဟုတ် ပုဒ်မ ၂၀ ပုဒ်မခွဲ(ဂ) ပါတားမြစ်ချက်တစ်ရပ်ရပ်ကို ဖောက်ဖျက်ကျူးလွန်ကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်းခံရလျှင် ထိုသူကို ထောင်ဒဏ်အနည်းဆုံး ဆယ်နှစ်မှ အများဆုံးထောင်ဒဏ် နှစ် နှစ်ဆယ်အထိချမှတ်ရမည့်ပြင် ငွေဒဏ်လည်းချမှတ်နိုင်သည်၊
(ခ) ပုဒ်မခွဲ(က)ပါ ပြစ်မှုတစ်ရပ်ရပ်ကို လူစုလူဝေးဖြင့် ဖောက်ဖျက်ကျူးလွန်ကြောင်း ပြစ်မှုထင်ရှား စီရင်ခြင်းခံရလျှင် ပြစ်မှုကျူးလွန်သူများကို ထောင်ဒဏ်အနည်းဆုံး ဆယ့်ငါးနှစ်မှ အများဆုံး ထောင်ဒဏ် တစ်သက်ချမှတ်ရမည့်ပြင် ငွေဒဏ်လည်းချမှတ်နိုင်သည်။
https://t.me/MyanmarNationalPost

No comments:
Post a Comment