ဥပဒေကောက်နှုတ်ချက် - Myanmar National Post

Myanmar National Post

News Agency

Breaking

ဥပဒေကောက်နှုတ်ချက်


 

ဥပဒေကောက်နှုတ်ချက်


ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲများကို နှောင့်ယှက်ဟန့်တားဖျက်ဆီးခြင်းမှ ကာကွယ်ပေးရေးဥပဒေ -

၁၆။ မည်သူမျှ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းစဉ်များကိုဖြစ်စေ သို့မဟုတ် လုပ်ငန်းစဉ်၏တစ်စိတ်တစ်ဒေသကိုဖြစ်စေ ပျက်ပြားစေရန် ဟောပြောခြင်း၊ ပြောဆိုခြင်း၊ စည်းရုံးခြင်း၊ လှုံ့ဆော်ခြင်း၊ ဆန္ဒပြခြင်း သို့မဟုတ် စာရေးသားဖြန့်ချိခြင်းတို့ကို မည်သည့်နည်းနှင့်မျှမပြုရ။

၁၇။ မည်သူမျှ မဲဆန္ဒရှင်တစ်ဦးဦးကို ဆန္ဒမဲမပေးနိုင်စေရန်အတွက် အောက်ပါပြုလုပ်မှုတစ်ခုခုကို တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေမပြုရ-

(က) ခြိမ်းခြောက်ခြင်း၊ ဟန့်တားခြင်း၊ မလျော်ဩဇာသုံးခြင်း၊

(ခ) မိမိအလိုအလျောက် နာကျင်စေခြင်း၊

(ဂ) မိမိအလိုအလျောက် အပြင်းအထန်နာကျင်စေခြင်း။


၁၈။ မည်သူမျှ ရွေးကောက်ပွဲကာလအတွင်း မဲရုံမှူးကိုဖြစ်စေ၊ မဲရုံအဖွဲ့ဝင်တစ်ဦးဦးကိုဖြစ်စေ ကော်မရှင် သို့မဟုတ် ကော်မရှင်အဖွဲ့ခွဲမှ တာဝန်ပေးအပ်ထားသူ တစ်ဦးဦးကိုဖြစ်စေ ယင်း၏ တာဝန်ဝတ္တရားများ မထမ်းဆောင်နိုင်စေရန် အောက်ပါပြုလုပ်မှုတစ်ခုခုကို တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေမပြုရ-

(က) ခြိမ်းခြောက်ခြင်း၊ ဟန့်တားခြင်း၊ နှောင့်ယှက်ခြင်း၊

(ခ) မိမိအလိုအလျောက် နာကျင်စေခြင်း၊

(ဂ) မိမိအလိုအလျောက် အပြင်းအထန်နာကျင်စေခြင်း။


၁၉။ မည်သူမျှ ရွေးကောက်ပွဲကာလအတွင်း ရွေးကောက်ပွဲကော်မရှင်၊ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင်တစ်ဦးဦးကို ယင်း၏တာဝန်ဝတ္တရားများ မထမ်းဆောင်နိုင်စေရန် အောက်ပါပြုလုပ်မှုတစ်ခုခုကို တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေမပြုရ-

(က) ခြိမ်းခြောက်ခြင်း၊ ဟန့်တားခြင်း၊ နှောင့်ယှက်ခြင်း၊

(ခ) မိမိအလိုအလျောက် နာကျင်စေခြင်း၊

(ဂ) မိမိအလိုအလျောက် အပြင်းအထန်နာကျင်စေခြင်း။


၂၀။ မည်သူမျှ လွှတ်တော်ကိုယ်စားလှယ်လောင်းတစ်ဦးဦးက ဥပဒေနှင့်အညီ မဲဆွယ်စည်းရုံးခြင်းမပြုနိုင် စေရန် အောက်ပါပြုလုပ်မှုတစ်ခုခုကို တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေမပြုရ-

(က) ခြိမ်းခြောက်ခြင်း၊ ဟန့်တားခြင်း၊ နှောင့်ယှက်ခြင်း၊

(ခ) မိမိအလိုအလျောက် နာကျင်စေခြင်း၊

(ဂ) မိမိအလိုအလျောက် အပြင်းအထန်နာကျင်စေခြင်း။


၂၁။ မည်သူမျှ ဆန္ဒမဲလက်မှတ်၊ မဲပုံး၊ မဲပေးစက်၊ စက်ပစ္စည်းကိရိယာနှင့် အသုံးအဆောင်ပစ္စည်းများကို မည်သည့်နည်းဖြင့်မဆို မိမိအလိုအလျောက်ဖျက်ဆီးခြင်း၊ ပျက်စီးအောင်ပြုလုပ်ခြင်း သို့မဟုတ် ထိခိုက် ဆုံးရှုံးစေခြင်းကို မပြုရ။

၂၂။ မည်သူမျှ ရွေးကောက်ပွဲကော်မရှင်ရုံး သို့မဟုတ် ကော်မရှင်အဖွဲ့ခွဲရုံးကိုဖြစ်စေ၊ မဲရုံ သို့မဟုတ် မဲရုံအဖြစ်အသုံးပြုသည့် အဆောက်အဦကိုဖြစ်စေ၊ မဲလက်မှတ်၊ မဲပုံး၊ မဲပေးစက်၊ စက်ပစ္စည်းကိရိယာနှင့် အသုံးအဆောင်ပစ္စည်းများကို ထိန်းသိမ်းထားသည့် အဆောက်အဦကိုဖြစ်စေ မည်သည့်နည်းဖြင့်မဆို ဖျက်ဆီးခြင်း၊ ပျက်စီးအောင်ပြုလုပ်ခြင်း သို့မဟုတ် ထိခိုက်ဆုံးရှုံးစေခြင်းကို မပြုရ။


၂၃။ မည်သူမဆို-

(က) ပုဒ်မ ၁၆ ပါတားမြစ်ချက်ကို ဖောက်ဖျက်ကျူးလွန်ကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်းခံရလျှင် ထိုသူကို ထောင်ဒဏ်အနည်းဆုံး သုံးနှစ်မှ အများဆုံး ခုနစ်နှစ်အထိချမှတ်ရမည့်ပြင် ငွေဒဏ် လည်းချမှတ်နိုင်သည်၊

(ခ) ယင်းပြစ်မှုကို လူစုလူဝေးဖြင့် ဖောက်ဖျက်ကျူးလွန်ကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်းခံရလျှင် ပြစ်မှု ကျူးလွန်သူများအား ထောင်ဒဏ် အနည်းဆုံးငါးနှစ်မှ အများဆုံးဆယ်နှစ်အထိချမှတ်ရမည့်ပြင် ငွေဒဏ်လည်းချမှတ်နိုင်သည်။


၂၄။ မည်သူမဆို-

(က) ပုဒ်မ ၁၇ ပုဒ်မခွဲ(က)၊ (ခ)၊ ပုဒ်မ ၁၈ ပုဒ်မခွဲ(က)၊ (ခ)၊ ပုဒ်မ ၁၉ ပုဒ်မခွဲ(က)၊ (ခ) သို့မဟုတ် ပုဒ်မ ၂၀ ပုဒ်မခွဲ(က)၊ (ခ) ပါတားမြစ်ချက်တစ်ရပ်ရပ်ကို ဖောက်ဖျက်ကျူးလွန်ကြောင်း ပြစ်မှု ထင်ရှားစီရင်ခြင်း ခံရလျှင် ထိုသူကို ထောင်ဒဏ်အနည်းဆုံး သုံးနှစ်မှ အများဆုံး ခုနစ်နှစ်အထိချမှတ်ရမည့်ပြင် ငွေဒဏ်လည်းချမှတ်နိုင်သည်၊

(ခ) ပုဒ်မခွဲ(က)ပါ ပြစ်မှုတစ်ရပ်ရပ်ကို လူစုလူဝေးဖြင့် ဖောက်ဖျက်ကျူးလွန်ကြောင်း ပြစ်မှုထင်ရှား စီရင်ခြင်းခံရလျှင် ပြစ်မှုကျူးလွန်သူများကို ထောင်ဒဏ်အနည်းဆုံး ငါးနှစ်မှ အများဆုံး ဆယ်နှစ်အထိ ချမှတ်ရမည့်ပြင် ငွေဒဏ်လည်းချမှတ်နိုင်သည်။


၂၅။ မည်သူမဆို-

(က) ပုဒ်မ ၁၇ ပုဒ်မခွဲ(ဂ)၊ ပုဒ်မ ၁၈ ပုဒ်မခွဲ(ဂ)၊ ပုဒ်မ ၁၉ ပုဒ်မခွဲ(ဂ) သို့မဟုတ် ပုဒ်မ ၂၀ ပုဒ်မခွဲ(ဂ) ပါတားမြစ်ချက်တစ်ရပ်ရပ်ကို ဖောက်ဖျက်ကျူးလွန်ကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်းခံရလျှင် ထိုသူကို ထောင်ဒဏ်အနည်းဆုံး ဆယ်နှစ်မှ အများဆုံးထောင်ဒဏ် နှစ် နှစ်ဆယ်အထိချမှတ်ရမည့်ပြင် ငွေဒဏ်လည်းချမှတ်နိုင်သည်၊

(ခ) ပုဒ်မခွဲ(က)ပါ ပြစ်မှုတစ်ရပ်ရပ်ကို လူစုလူဝေးဖြင့် ဖောက်ဖျက်ကျူးလွန်ကြောင်း ပြစ်မှုထင်ရှား စီရင်ခြင်းခံရလျှင် ပြစ်မှုကျူးလွန်သူများကို ထောင်ဒဏ်အနည်းဆုံး ဆယ့်ငါးနှစ်မှ အများဆုံး ထောင်ဒဏ် တစ်သက်ချမှတ်ရမည့်ပြင် ငွေဒဏ်လည်းချမှတ်နိုင်သည်။


၂၆။ မည်သူမဆို-

(က) ပုဒ်မ ၂၁ နှင့် ပုဒ်မ ၂၂ ပါတားမြစ်ချက်တစ်ရပ်ရပ်ကို ဖောက်ဖျက်ကျူးလွန်ကြောင်း ပြစ်မှုထင်ရှား စီရင်ခြင်းခံရလျှင် ထိုသူကို ထောင်ဒဏ်အနည်းဆုံး ငါးနှစ်မှ အများဆုံး ဆယ်နှစ်အထိ ချမှတ်ရမည့်ပြင် ငွေဒဏ်လည်းချမှတ်နိုင်သည်၊

(ခ) ပုဒ်မခွဲ(က)ပါ ပြစ်မှုတစ်ရပ်ရပ်ကို လူစုလူဝေးဖြင့် ဖောက်ဖျက်ကျူးလွန်ကြောင်း ပြစ်မှုထင်ရှား စီရင်ခြင်းခံရလျှင် ပြစ်မှုကျူးလွန်သူများကို ထောင်ဒဏ်အနည်းဆုံး ဆယ်နှစ်မှ အများဆုံး ထောင်ဒဏ် တစ်သက် ချမှတ်ရမည့်ပြင် ငွေဒဏ်လည်းချမှတ်နိုင်သည်။


၂၇။ ဤဥပဒေပါ ပြစ်မှုတစ်ရပ်ရပ်ကို ကျူးလွန်ရာ၌ တစ်ဦးတစ်ယောက်ကို သေဆုံးမှုဖြစ်စေလျှင် ပြစ်မှု ကျူးလွန်ရာတွင် ပါဝင်သူအသီးသီးကို သေဒဏ်ချမှတ်ရမည်။


၂၈။ မည်သူမဆို ဤဥပဒေပါပြစ်မှုတစ်ရပ်ရပ်ကို ကျူးလွန်ရန် အားထုတ်လျှင်ဖြစ်စေ၊ ကျူးလွန်ရာတွင် ပူးပေါင်းကြံစည်လျှင်ဖြစ်စေ၊ အားပေးကူညီလျှင်ဖြစ်စေ မူရင်းပြစ်မှုတွင် ပြဋ္ဌာန်းထားသည့် ပြစ်ဒဏ် ချမှတ်ရမည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)