ဒုတိယဝန်ကြီး ဦးမျိုးမြင့် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ တည်ဆောက်ရေးလုပ်ငန်းများ ကွင်းဆင်းကြည့်ရှုစစ်ဆေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဒုတိယဝန်ကြီး ဦးမျိုးမြင့် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ တည်ဆောက်ရေးလုပ်ငန်းများ ကွင်းဆင်းကြည့်ရှုစစ်ဆေး


နေပြည်တော်၊ ဩဂုတ် ၁၉

ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးမြင့်သည် တာဝန်ရှိသူများနှင့်အတူ ယမန်နေ့က ရန်ကုန်အရှေ့ပိုင်း ခရိုင်ဒဂုံမြို့သစ်(ဆိပ်ကမ်း) မြို့နယ်၌ အဆောက်အဦဦးစီးဌာန အဆောက်အဦအထူးအဖွဲ့ (၁) မှ တာဝန်ယူတည်ဆောက်လျက်ရှိသော အမျိုးသားကင်ဆာရောဂါကုသရေးဌာန (Oncology Unit) အဆောက်အအုံဆောက်လုပ်ပြီးစီးမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးသည်။

ထိုသို့ကြည့်ရှုစဉ် အဆောက်အဦဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ခံအင်ဂျင်နီယာတို့က တည်ဆောက်ရေးလုပ်ငန်းများဆောင်ရွက်နေမှု၊ သောက်သုံးရေနှင့် လျှပ်စစ်မီးလုပ်ငန်းများ သွယ်တန်းဆောင်ရွက်နေမှု၊ လုပ်ငန်းပြီးစီးမှုနှင့် ဆက်လက်ဆောင်ရွက်မည့်လုပ်ငန်းစီမံချက်များကို ရှင်းလင်းတင်ပြကြရာ ဒုတိယဝန်ကြီးက လိုက်နာဆောင်ရွက်ရန် လိုအပ်သည့်လုပ်ငန်းဆိုင်ရာလိုအပ်ချက်များကို ဆွေးနွေးမှာကြားပြီး ဝန်ထမ်းများ၏ တင်ပြချက်များအပေါ် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးကာ အမျိုးသားကင်ဆာရောဂါကုသရေးဌာန (Oncology Unit) အဆောက်အအုံအတွင်း လှည့်လည်ကြည့်ရှုစစ်ဆေးသည်။

ယမန်နေ့နံနက်ပိုင်းကလည်း ဒုတိယဝန်ကြီးသည် တာဝန်ရှိသူများနှင့်အတူ ရန်ကုန်တိုင်းဒေသကြီး ဗဟန်းမြို့နယ် ဗိုလ်ချုပ်အောင်ဆန်းပြတိုက်အတွင်းရှိ ဗိုလ်ချုပ်အောင်ဆန်း အသုံးပြုခဲ့သည့် မော်တော်ယာဉ်ထားရှိသည့် အဆောက်အအုံနှင့်မြေထိန်းနံရံများ ပြုပြင်ဆောင်ရွက်နေမှု၊ နံရံနှင့် မျက်နှာကြက်များဆေးသုတ်နေမှု၊ အဆောက်အအုံအတွင်းရှိ လှေကားများကြံ့ခိုင်ရေးဆောင်ရွက်နေမှုတို့ကို ကြည့်ရှုစစ်ဆေးပြီး ရေပိုက်များ ရှေးခေတ်ပုံစံအတိုင်းဆောင်ရွက်ရေး၊ ပြတိုက်အတွင်းရှိ ရေကန်ကို မူလပုံစံအတိုင်း ပြုပြင်ဆောင်ရွက်နိုင်ရေးနှင့် လုပ်ငန်းဆိုင်ရာလိုအပ်ချက်များကို ဆွေးနွေးမှာကြားသည်။

ထို့နောက် ရန်ကုန်တိုင်းဒေသကြီး ဗိုလ်တထောင်မြို့နယ် ဝန်ကြီးများရုံး (အတွင်းဝန်ရုံး)ရှိ ဝန်ကြီးများရုံး အဆောက်အအုံ Foundation နိမ့်ကျမှုထပ်မံမဖြစ်ပေါ်စေရေးအတွက် Strengthening ပြုလုပ်မည့်အခြေအနေကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)