တောင်ကြီး၊ သြဂုတ် ၁၉
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးမြို့တွင် ယနေ့ နံနက်ပိုင်းက ဒေသခံတိုင်းရင်းသားပြည်သူများ စုပေါင်းပြီး TNLA/MNDAA အကြမ်းဖက်အဖွဲ့များ ကျောက်မဲ၊ သီပေါ၊ သိန္နီ တို့မှ ထွက်ခွါသွားရန် ဆန္ဒပြတောင်းဆိုမှု ပြုလုပ်ခဲ့ကြသည်။
ဆန္ဒပြပွဲတွင် ပါဝင်သည့် တိုင်းရင်းသားပြည်သူများ က "TNLA/MNDAA အကြမ်းဖက်သောင်းကျန်းသူအဖွဲများ အလိုမရှိ၊ TNLA/MNDAA အကြမ်းဖက်အဖွဲများ ကျောက်မဲ၊ သီပေါ၊ သိန္နီ ဒေသတွေကနေ အမြန်းဆုံးထွက်သွား" အစရှိသော ကြွေးကြော်သံများနဲ့အတူ ဆိုင်းဘုတ်များကိုင်ဆောင်ပြီး ငြိမ်းချမ်းစွာ စီတန်းလှည့်လည် ဆန္ဒဖော်ထုတ်ခဲ့ကြသည်။
TNLA/MNDAA အကြမ်းဖက်အဖွဲ့များအနေဖြင့် ကျောက်မဲ၊ သီပေါ၊ သိန္နီမြို့များတွင် အခြေပြု၍ အကြမ်းဖက်လုပ်ရပ်များ ကျူးလွန်ခဲ့ခြင်းကြောင့် ဒေသခံပြည်သူများ အတိဒုက္ခရောက်ခဲ့ရပြီး တပ်မတော်မှ ပြန်လည် ရှင်းလင်းဆောင်ရွက်မှုများ လုပ်ဆောင်ခဲ့ရခြင်းကြောင့် ပျက်စီးဆုံးရှုံးမှုများ ဖြစ်ပေါ်ခဲ့သည်။ အကြမ်းဖက်အဖွဲ့များသည် ဘုန်းတော်ကြီးကျောင်း၊ ဓမ္မာရုံများကိုလည်း ၎င်းတို့၏ အကြမ်းဖက်စခန်းအဖြစ် အသုံးပြုလျက်ရှိသည်။
https://t.me/MyanmarNationalPost






No comments:
Post a Comment