ရုတ်တရက် ရေကြီးလို့ အိန္ဒိယနဲ့ ပါကစ္စတန်မှာ လူရာနဲ့ချီ သေဆုံး - Myanmar National Post

Myanmar National Post

News Agency

Breaking

ရုတ်တရက် ရေကြီးလို့ အိန္ဒိယနဲ့ ပါကစ္စတန်မှာ လူရာနဲ့ချီ သေဆုံး


ဩဂုတ် - ၁၇ ( တနင်္ဂနွေနေ့ ) 

အိန္ဒိယနှင့် ပါကစ္စတန်နိုင်ငံတို့တွင် သောကြာနေ့က မိုးသည်းထန်စွာရွာသွန်းပြီး ရေကြီးရေလျှံမှုများကြောင့် လူ ၂၈၀ ကျော် သေဆုံးကာ ရာနှင့်ချီ၍ ပျောက်ဆုံးနေကြောင်း နှစ်နိုင်ငံ တာဝန်ရှိသူများက ပြောကြားခဲ့ပါတယ်။ နှစ်နိုင်ငံလုံးရှိ တောင်ထူထပ်သော ခရိုင်နှစ်ခုမှ လူပေါင်း ၁၆၀၀ ခန့်ကို ကယ်ဆယ်ရေးများက အောင်မြင်စွာ ကယ်ထုတ်နိုင်ခဲ့ပါတယ်။ 

အိန္ဒိယနိုင်ငံရဲ့ ပြည်ထောင်စုနယ်မြေ ဂျမ်မူး နဲ့ ကတ်ရှ်မီးယားမှာရှိတဲ့ ချာဆိုတီရွာကို ကြာသပတေးနေ့တုန်းက ပြင်းပြင်းထန်ထန် ရွာသွန်းခဲ့တဲ့ မိုးကြောင့် သောကြာနေ့က ရေလွှမ်းမိုးမှု ဖြစ်ပွားခဲ့ပြီး လူ ၄၆ ဦး သေဆုံးပြီး အများအပြား ပျက်စီးခဲ့တယ်လို့ PTI သတင်းအေဂျင်စီက ပြောပါတယ်။

ရေလွှမ်းမိုးမှုက မြောက်နှင့် အနောက်မြောက်ဘက်သို့ လျင်မြန်စွာ ပျံ့နှံ့သွားပြီး ပါကစ္စတန်ဘက်ကို စီးဆင်း သွားခဲ့ပါတယ်။ ပါကစ္စတန်နိုင်ငံ ခိုင်ဘာပတ်တွန်ခဝါ ပြည်နယ်တွင် ဒါဇင်နှင့်ချီသော ထိခိုက်ဒဏ်ရာရမှုတွေ ဖြစ်ခဲ့ပြီး ထောင်ပေါင်းများစွာ အိုးအိမ်မဲ့ဖြစ်ခဲ့ရပါတယ်။ 

ခိုင်ဘာပတ်တွန်ခဝါ ပြည်နယ်အရေးပေါ်ဝန်ဆောင်မှု ပြောရေးဆိုခွင့်ရှိသူက ကယ်ဆယ်ရေးသမားများသည် ဒေသအတွင်း ရုတ်တရက်ရေကြီးမှုနှင့် မြေပြိုမှုများကြောင့် ပိတ်မိနေသည့် ခရီးသွား ၂၀၀၀ ကို ကယ်တင်ရန် နာရီပေါင်းများစွာ လုပ်ဆောင်ခဲ့ကြောင်းဆိုပါတယ်။  ပါကစ္စတန် ဝန်ကြီးချုပ် ရှဘတ်ဇ် ရှရစ် က ကမ္ဘာလှည့်ခရီးသည်များနှင့် ရေလွှမ်းမိုးမှုဒဏ်ခံခဲ့ရသူအားလုံးကို ဘေးလွတ်ရာသို့ ရွှေ့ပြောင်းရန် အမိန့်ပေးခဲ့ပါတယ်။ 


REF: RT

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)