ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးစိုးသိန်း ရန်ကုန် - ပဲခူးလမ်းပိုင်း အမှတ်(၁၃) အစုန် DEMU လူစီးရထားဖြင့် ပြည်သူများနှင့်အတူ လိုက်ပါစီးနင်း - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးစိုးသိန်း ရန်ကုန် - ပဲခူးလမ်းပိုင်း အမှတ်(၁၃) အစုန် DEMU လူစီးရထားဖြင့် ပြည်သူများနှင့်အတူ လိုက်ပါစီးနင်း









ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့်ဇနီး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ နှင့် ၎င်းတို့၏ ဇနီးများနှင့် တာဝန်ရှိသူများသည် ဩဂုတ် (၁၃)ရက် ညနေပိုင်းက ရန်ကုန် - ပဲခူးလမ်းပိုင်း အမှတ်(၁၃) အစုန် DEMU လူစီးရထားပေါ်တွင် စီးနင်းလိုက်ပါသည့် ခရီးသွားပြည်သူများနှင့် အတူ ရန်ကုန်ဘူတာ မှ ဒါးပိန်ဘူတာအထိ ရထားလမ်းပိုင်းတစ်လျှောက် လိုက်ပါစီးနင်းသည်။

ထို့သို့ လိုက်ပါစီးနင်းစဉ် ရထားလမ်းပိုင်း ကြံ့ခိုင်ရေး ဆောင်ရွက်ထားရှိမှု အခြေအနေများ၊ ရထားတွဲဆိုင်းများအတွင်း ခရီးသွားများ လိုက်ပါစီးနင်းနေသည့် အခြေအနေများ၊ ရထားဖြင့် သွားလာ လျက်ရှိသည့် ခရီးသွားများ ရထားစီးနင်းရာတွင် စိတ်အေးချမ်းသာစွာဖြင့် စီးနင်းလိုက်ပါနိုင်ရေး မြန်မာ့မီးရထားမှ ဝန်ဆောင်မှုလုပ်ငန်းများ ဆောင်ရွက်ထားရှိမှု အခြေအနေများ၊ ထပ်မံဖြည့်ဆည်း  ဆောင်ရွက်ပေးနိုင်ရေး လိုအပ်မည့် အခြေအနေများ၊ ရထားလမ်းဘေး ဝဲ/ယာရှိ စိုက်ပျိုးရေးလုပ်ငန်း များနှင့် သန့်ရှင်းသာယာလှပစေရေး ဆောင်ရွက်ထားရှိမှု အခြေအနေများ၊ ရထားစီးနင်းနေစဉ် ရပ်နားသည့် ဘူတာများတွင် ခရီးသွားများ အဆင်ပြေချောမွေ့နိုင်စေရေး ဆောင်ရွက်ထားရှိမှု အခြေ အနေများနှင့် ရထားစက် ခေါင်းတွင် အန္တရာယ်ကင်းရှင်းစွာဖြင့် မောင်းနှင်နေမှု အခြေအနေများနှင့် တာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက်ထားရှိမှု အခြေအနေများကို ရှင်းလင်းတင်ပြပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်က လိုအပ်သည်များကို မှာကြားသည်။

ထို့နောက် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် အဖွဲ့သည် ဒါးပိန်ဘူတာသို့ ရောက်ရှိပြီး ပဲခူးသို့ ဆက်လက်ထွက်ခွာမည့် ခရီးသွားများအား နှုတ်ဆက်ကာ ဒါးပိန်ဘူတာတွင် သန့်ရှင်းသာယာလှပရေးလုပ်ငန်းများ ဆောင်ရွက်ထားရှိမှု အခြေအနေများအား ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို မှာကြားခဲ့သည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)