ထရမ့်က အိမ်ဖြူတော်မှာ ဇီလန်စကီး နဲ့ ဥရောပ ခေါင်းဆောင်တွေကို တွေ့ဖို့ စီစဉ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ထရမ့်က အိမ်ဖြူတော်မှာ ဇီလန်စကီး နဲ့ ဥရောပ ခေါင်းဆောင်တွေကို တွေ့ဖို့ စီစဉ်


ဩဂုတ် - ၁၇ ( တနင်္ဂနွေနေ့ ) 

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က တနင်္လာနေ့တွင် အိမ်ဖြူတော်၌ အစည်းအဝေးတစ်ခုလုပ်ဖို့ ယူကရိန်းသမ္မတ ဗလာဒီမာ ဇယ်လန်စကီး နဲ့ ဥရောပခေါင်းဆောင်များကို ဖိတ်ကြားခဲ့တယ်လို့ နယူးယောက်ခ် တိုင်းမ် သတင်းဌာနက အမည်မဖော်လိုသည့် ဥရောပအရာရှိများကို ကိုးကား၍ ဖော်ပြခဲ့ပါတယ်။ 

သောကြာနေ့တုန်းက အလက်စကာပြည်နယ် အန်ကားရေ့ဂျ် မြို့မှာ ထရမ့်က ရုရှားသမ္မတ ဗလာဒီမာပူတင် နဲ့ တွေ့ဆုံခဲ့ပြီး ရလဒ်ကောင်းတွေရရှိခဲ့တယ် လို့ ဆိုပါတယ်။ အဲ့ဒိထိပ်သီးဆွေးနွေးပွဲက ယူကရိန်းပဋိပက္ခနဲ့ ပတ်သက်ပြီး အရေးပါတဲ့ ဆုံးဖြတ်ချက်များကို ပိုမိုနီးကပ်စွာ ဆောင်ကျဉ်းပေးနိုင်မယ်လို့ ၎င်းတို့နှစ်ဦးစလုံးက အကြိုမျှော်လင့်ထားကြောင်းကိုလည်း ထုတ်ဖော်ပြောကြားထားတာ ရှိပါတယ်။ 

မနေ့ကတော့ နယူယောက်တိုင်းမ်က ထရမ့် နဲ့ ဇီလန်စကီး တို့ တွေ့ဆုံနိုင်မယ်လို့ ဖော်ပြထားသလို အဲ့ဒိတွေ့ဆုံပွဲမှာ ဥရောပ ခေါင်းဆောင်တွေလည်း ပါလိမ့်မယ်လို့ ဖော်ပြခဲ့ပါတယ်။ မနေ့က အစောပိုင်းမှာလည်း ယူကရိန်းခေါင်းဆောင်က တနင်္လာနေ့မှာ အမေရိကန်မြို့တော်သို့ သွားရောက်မည်ဖြစ်ကြောင်း အိတ်စ်ဆိုရှယ်မီဒီယာ မှာ ရေးသားခဲ့ပါတယ်။  နောက်ပိုင်းကျမှ ထရမ့်က ၎င်းရဲ့ ခရီးစဉ်ကိုအတည်ပြုခဲ့ပါတယ်။ 

ယူကရိန်းထိန်းချုပ်မှုအောက်ရှိ ဒွန်ဘားစ်ဒေသ ရှိ ရုရှားနယ်မြေသစ် နဲ့ ပတ်သက်ပြီး ယူကရိန်းက လက်လွှတ်ဖို့ အစီအစဉ်တစ်ရပ်ကို ထရမ့်က အဆိုပြုမည်ဖြစ်ကြောင်း သတင်းစာက ဖော်ပြခဲ့ပါတယ်။ အပြန်အလှန်အားဖြင့်၊ ရုရှားအစိုးရက လက်ရှိ ရှေ့တန်းတလျှောက် ပစ်ခတ်တိုက်ခိုက်မှုများကို ရပ်တန့်ရန် သဘောတူကြောင်း ဖော်ပြထားပါတယ်။  ဇီလန်စကီးကတော့ မော်စကိုအား ပိုင်နက်ဆိုင်ရာ လုပ်ပိုင်ခွင့်များကို အကြိမ်ကြိမ် ငြင်းဆိုခဲ့ပါတယ်။ 


REF: RT

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)