နေပြည်တော်၊ ဩဂုတ် ၁
မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် သတင်းအရ သက်သေများနှင့်အတူ ဇူလိုင်လ ၃၀ ရက်နေ့ ၁၅ ၃၀ အချိန် ချမ်းမြသာစည်မြို့နယ်၊ မြို့သစ်(၃)ရပ်ကွက်၊ ၁၁၀ လမ်း၊ ၅၉ x ၆၀ လမ်းကြားတွင် ပြည်သိမ်း မောင်းနှင်ပြီး သက်ထွဋ်ဦး နှင့် စိုင်းဖြိုးမင်းနိုင် တို့လိုက်ပါလာသည့် TOYOTA MARK II အမျိုးအစား မော်တော်ယာဉ်အား ရပ်တန့်စစ်ဆေးရှာဖွေရာ ယာဉ်ပေါ်မှ စိတ်ပြောင်းဆေးဝါး Happy Water အလေးချိန် ၉၅၀ ဂရမ်(ဒေသကာလပေါက်ဈေးတန်ဖိုးငွေကျပ်သိန်း ၁,၁၄၀ )၊ အက်တက်စီဆေးပြား ၃,၉၃၀ ပြား(ဒေသကာလပေါက်ဈေးတန်ဖိုးငွေကျပ် ၁,၉၆၅ သိန်း )နှင့် လက်ကိုင်ဖုန်း ၃ လုံးတို့အား တွေ့ရှိသိမ်းဆည်းရမိခဲ့သည်။
စစ်ဆေးဖော်ထုတ်ချက်အရ ၁၆၃၀ အချိန် ပြည်သိမ်း ငှားရမ်းနေထိုင်သည့် အဆိုပါမြို့နယ်၊ မြို့သစ်(၃)ရပ်ကွက်၊ ၁၀၇ A လမ်း၊ ၆၁ x ၆၂ လမ်းကြားရှိ နေအိမ်အတွင်းမှ ကက်တမင်း အလေးချိန် ၁၅၀ ဂရမ်(ဒေသကာလပေါက်ဈေးတန်ဖိုးငွေကျပ်သိန်း ၆၀ )နှင့် Happy Water အလေးချိန် ၂၂၀ ဂရမ်(ဒေသကာလပေါက်ဈေးတန်ဖိုးငွေကျပ် ၂၆၄ သိန်း)တို့အား ထပ်မံတွေ့ရှိသိမ်းဆည်းရမိခဲ့သဖြင့် ပြည်သိမ်း(၄၂)နှစ်၊ သက်ထွဋ်ဦး(၄၅)နှစ် နှင့် စိုင်းဖြိုးမင်းနိုင်(၂၈)နှစ်တို့အား အမှတ်(၁၁)နယ်မြေရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အမှုဖွင့် အရေးယူထားရှိပြီး ကွင်းဆက်များ ဖော်ထုတ်လျက်ရှိကြောင်း သိရသည်။
https://t.me/MyanmarNationalPost

No comments:
Post a Comment