မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ဦးမျိုးအောင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ကျောင်းကျန်းမာရေးသီတင်းပတ်လှုပ်ရှားမှု အခမ်းအနားသို့ တက်ရောက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ဦးမျိုးအောင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ကျောင်းကျန်းမာရေးသီတင်းပတ်လှုပ်ရှားမှု အခမ်းအနားသို့ တက်ရောက်



မန္တလေး၊ ဩဂုတ် ၁၆

၂၀၂၅-၂၀၂၆ ပညာသင်နှစ် ကျောင်းကျန်မာရေးသီတင်းပတ်လှုပ်ရှားမှု (မန္တလေးတိုင်းဒေသကြီးအဆင့်) အခမ်းအနားကို ယမန်နေ့က ချမ်းအေးသာစံမြို့နယ်ရှိ အမှတ်(၁၆)အခြေခံပညာအထက်တန်းကျောင်းတွင် ကျင်းပသည်။

အခမ်းအနားသို့ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမျိုးအောင်၊ တိုင်းဒေသကြီးအမျိုးသမီးရေးရာအဖွဲ့နာယက ဝန်ကြီးချုပ်၏ ဇနီး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ နှင့် ၎င်းတို့၏ ဇနီးများ၊ တိုင်းဒေသကြီး ပညာရေးမှူးရုံး၊ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာန တို့မှဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ဆေးရုံအုပ်ကြီးများ၊ သက်ဆိုင်ရာဌာနများ၊ အသင်းအဖွဲ့များနှင့် နှီးနွယ်အဖွဲ့အစည်းများမှ တာဝန်ရှိသူများ၊ ဆရာ ဆရာမများ၊ကျောင်းသားကျောင်းသူများတက်ရောက်ကြပြီး ကျောင်းသား ကျောင်းသူများက ကျောင်းကျန်းမာရေးသီချင်း သီဆို၍ အခမ်းအနားကို ဖွင့်လှစ်ခဲ့သည်။

အခမ်းအနား၌ တိုင်းဒေသကြီးဝန်ကြီးချုပ်က အဖွင့်အမှာစကားပြော ကြားရာတွင်လူ့စွမ်းအားအရင်းအမြစ်များဖြစ်သောကျောင်းသားကျောင်းသူ များ၏ ကျန်းမာရေးအဆင့်အတန်းမြင့်မားခြင်းသည် ကျန်းမာသန်စွမ်းသည့် လူ့အဖွဲ့အစည်း တည်ဆောက်နိုင်ရေးတွင် အခြေခံဖြစ်၍ အဓိကကျသည့် အခန်းကဏ္ဍတွင် ပါဝင်ပါကြောင်း၊ ကျန်းမာရေးအဆင့်အတန်း မြင့်မား တိုးတက်လာစေရန်၊ ကျန်းမာရေးနှင့် ညီညွတ်သော လူနေမှုဘဝပုံစံများ သိရှိကျင့်သုံး စွဲမြဲလာစေရန်၊ ဗလငါးတန်နှင့်ပြည့်စုံသည့် ကျောင်းသား ကျောင်းသူများ ပေါ်ထွက်လာစေရန် "လူငယ်များဗလငါးတန်ဖွံ့ဖြိုးဖို့ ကျောင်းကျန်းမာရေးမြှင့်တင်စို့" ဆောင်ပုဒ်အတိုင်း ကျန်းမာရေးအဆင့်မြှင့် ကျောင်းလုပ်ငန်းစဉ်များကို အားလုံးဝိုင်းဝန်း၍ အကောင်းဆုံး ပူးပေါင်း လုပ်ဆောင်မှုအားဖြင့် ပိုမိုထိရောက်အောင်မြင်အောင် ဆောင်ရွက်သွား ကြရမည်ဖြစ်ပါကြောင်း ပြောကြားသည်။ 

ဆက်လက်၍ ကျောင်းကျန်းမာရေး သီတင်းပတ်လှုပ်ရှားမှုများ မှတ်တမ်း Video Clip အား ပြသပြီးနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အဖွဲ့သည် ကျောင်းသားကျောင်းသူတစ်ဦးစီ၏ကျောင်းကျန်းမာရေးစစ်ဆေးမှုမှတ်တမ်း ကတ်တွင် အတန်းအလိုက်ဖြည့်သွင်းထားရှိမှုကို ကြည့်ရှုအားပေးပြီးနောက် အသက်အရွယ်အပိုင်းအခြားအလိုက်ကျောင်းသား၊ကျောင်းသူများအား ဗီတာ မင်အေဆေး၊ သန်ချဆေး နှင့် သံဓာတ်ဆေးပြာများ တိုက်ကျွေးခဲ့ကြောင်းနှင့် အမှတ်တရလက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့ကြောင်း၊ ကျောင်းတွင်း အာဟာရဖြည့်စွက်စာများ ကျွေးမွေးနေ့မှုများကို လိုက်လံကြည့်ရှု အားပေးခဲ့ကြောင်း သတင်းရရှိသည်။ 


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)