တနိုင်းမြို့နယ်၌ ပန်းခင်းစီမံချက်အဆင့်(၃)ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများကို ရပ်ကွက်/ ကျေးရွာအုပ်စုသို့ ကွင်းဆင်းဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တနိုင်းမြို့နယ်၌ ပန်းခင်းစီမံချက်အဆင့်(၃)ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများကို ရပ်ကွက်/ ကျေးရွာအုပ်စုသို့ ကွင်းဆင်းဆောင်ရွက်



တနိုင်း  ၊ ဩဂုတ် ၁၂


ကချင်ပြည်နယ်၊ တနိုင်းခရိုင်၊ တနိုင်းမြို့နယ်တွင် ပုန်ခုန်းကောင်းရပ်ကွက်၊ ပီနံခ အပိုင်း(AG)မင်္ဂလာဘုရားကျောင်းဝန်းအတွင်းတွင် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက်ကြောင်း သိရသည်။

အဆိုပါ ပန်းခင်းစီမံချက် အဆင့်(၃)အရ မြို့နယ်ဦးစီးမှူး လက်ထောက်ညွှန်ကြားရေးမှူး ဦးဘောက်နော်နှင့် ဝန်ထမ်း(၄)ဦးတို့မှ နိုင်ငံသားကဒ်ပြားများနှင့် အိမ်ထောင်စုစာရင်းများ

ကို(၁၂-၈-၂၅)ရက်(၁၀:၃၀)အချိန်၊ ပုန်ခုန်းကောင်းရပ်ကွက်၊ ပီနံခအပိုင်းတွင် ကွင်းဆင်းဆောင်ရွက်ပေးလျှက်ရှိရာ နိုင်ငံတော်မှ ထောက်ပံ့ပေးထားသည့် သွေးစစ်ခနှင့် ဓာတ်ပုံရိုက်ခ ကုန်ကျစရိတ်များအား မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်စိုးမှ နိုင်ငံသားစိစစ်ရေးကတ်ပြားပြုလုပ်သူ(၂၅)ဦးအား တစ်ဦးလျှင်ကျပ်တစ်သောင်းနှုန်းထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။


မနောမြေ

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)