မြောက်ဥက္ကလာပမြို့နယ်၌ ပြည်သူ့လုံခြုံရေး နှင့် အကြမ်းဖက်နှိမ်နင်းရေးအဖွဲ့ဝင်များသို့ ဆန်နှင့်ဆီများ ပေးအပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မြောက်ဥက္ကလာပမြို့နယ်၌ ပြည်သူ့လုံခြုံရေး နှင့် အကြမ်းဖက်နှိမ်နင်းရေးအဖွဲ့ဝင်များသို့ ဆန်နှင့်ဆီများ ပေးအပ်










မြောက်ဥက္ကလာပ၊  ဩဂုတ် ၁၂

ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ်တွင် ပြည်သူ့လုံခြုံရေးနှင့် အကြမ်းဖက် နှိမ်နှင်းရေး အဖွဲ့ဝင်များသို့ ဆန်နှင့်ဆီများ ပေးအပ်ပွဲ အခမ်းအနားကို ယနေ့ နေ့လယ် ၁ နာရီ အချိန် မြို့နယ်အထွေထွေအုပ်ချူပ်ရေးဦးစီးဌာနရုံး အစည်းအဝေး ‌‌‌‌‌‌‌‌‌‌‌‌‌‌‌ခန်းမတွင် ပြုလုပ်ခဲ့သည်။

ဦးစွာ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးစိုးသိန်းက အဖွင့်အမှာ စကားပြောကြားပြီး မြောက်ဥက္ကလာပမြို့နယ်နှင့် လှိုင်မြို့နယ်အတွင်းရှိ ပြည်သူ့လုံခြုံရေးနှင့် အကြမ်းဖက်နှိမ်နှင်းရေးအဖွဲ့ဝင်များသို့ ဝန်ကြီးချုပ် နှင့် ဝန်ကြီးများက ဆန်နှင့်ဆီများ ပေးအပ်ခဲ့သည်။ ဆက်လက်၍ ပြည်သူ့လုံခြုံရေးနှင့်အကြမ်းဖက်နှိမ်နှင်းရေးအဖွဲ့ဝင်က ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။

အခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီးအစိုးအဖွဲ့ ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် ဝန်ကြီးများ၊ မရမ်းကုန်းခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီများ၊ မြောက်ဥက္ကလာပမြို့နယ် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီများနှင့် လှိုင်မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီများ၊ ဌာနဆိုင်ရာများ၊ ပြည်သူ့လုံခြုံရေးနှင့်အကြမ်းဖက်နှိမ်နှင်းရေး အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြောင်းသိရသည်။


သက်လွင်စိုး

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)