နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ရန်ကုန်-မန္တလေးအမြန်လမ်းမကြီးတစ်လျှောက် ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေများအား ကြည့်ရှုစစ်ဆေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ရန်ကုန်-မန္တလေးအမြန်လမ်းမကြီးတစ်လျှောက် ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေများအား ကြည့်ရှုစစ်ဆေး






နေပြည်တော်၊ ဩဂုတ် ၄

နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သည် အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ တွဲဖက်အမှု ဆောင်ချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦးနှင့် ခရီးစဉ်တွင် လိုက်ပါလာသည့်အဖွဲ့ဝင်များ၊ တာဝန်ရှိသူများလိုက်ပါ၍ ယနေ့နေ့လည်ပိုင်းတွင် ရန်ကုန်မြို့မှ နေပြည်တော်သို့ အမြန်လမ်းမကြီးအတိုင်း မော်တော်ယာဉ်များ ဖြင့်ထွက်ခွာ၍ ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးမှုဖြစ်ပေါ်ခဲ့သည့် လမ်းပိုင်းအခြေအနေများအား ကြည့်ရှုစစ်ဆေးသည်။

ထိုသို့စစ်ဆေးရာတွင် အမြန်လမ်းမကြီး မိုင်တိုင်အမှတ် ၉၄ နေရာရှိ ရေထွက် ပေါက်နေရာ ပြန်လည်ပြုပြင်ဆောင်ရွက်နေမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများ၏ ရှင်းလင်းတင်ပြမှုများအပေါ် လိုအပ်သည်များ လမ်းညွှန်မှာ ကြားသည်။

ယင်းနောက် အမြန်လမ်းမကြီးရှိ ဆောက်လုပ်ရေးရိပ်သာသို့ ခေတ္တရောက်ရှိကြပြီး အစည်းအဝေးခန်းမတွင် တာဝန်ရှိသူများ၏တင်ပြ ချက်များအပေါ် နိုင်ငံတော် လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌက ရန်ကုန်-မန္တလေး အမြန်လမ်းမ ကြီး တစ်လျှောက်ရှိ လမ်းနယ်ပေ ၂၀၀ အတွင်း အမြဲစိမ်းသစ်ပင်များစိုက်ပျိုးသွားရန် လိုကြောင်း၊ လမ်းနယ်အတွင်း လေကာပင်များကို လမ်းဖြင့် ၁၀ ပေခြား၍ ၂ တန်း (သို့မဟုတ်) ၃ တန်းစိုက်ပျိုးသွားရန်လိုကြောင်း၊ အလားတူ လမ်းဘေးဝဲယာရှိသစ်တောကြိုးဝိုင်းကြိုပြင် တောများကိုလည်း ယခုနှစ်မိုးရာသီအတွင်း သစ်ပင်များ စိုက်ပျိုးသွားရန်နှင့် ၅ ဧက/၁၀ ဧကခန့် ရှိသော သစ်တောငယ်များထူထောင် စိုက်ပျိုးသွားရန်လိုကြောင်း၊ အမြန်လမ်းမကြီးဘေးတစ်လျှောက်ရှိ တရားမဝင် ဖွင့်လှစ်ထားသည့် စားသောက်ဆိုင်များနှင့် အခြားတရားမဝင်ဆောက် လုပ်ထားသည့် အဆောက်အဦများကိုလည်း အမြန်လမ်းမကြီးဥပဒေနှင့်အညီ ထိန်းသိမ်းဆောင်ရွက် သွားရန်လိုကြောင်း၊ အလားတူ အမြန်လမ်းပေါ်သို့တက်ရောက်ရန်အတွက် တရားမဝင် လမ်းများ ဖောက်လုပ်ထားရှိမှု မရှိစေရေးနှင့် အမြန်လမ်းမပေါ်တက်ရောက်မည့် သတ်မှတ်ထားထားသည့် လမ်းများကိုလည်း အမြန်လမ်မကြီး ဥပဒေ၊ သတ်မှတ် စည်းမျဉ်း စည်းကမ်းများအတိုင်းဖောက်လုပ်ရေးအတွက်လည်း ထိန်းသိမ်းကြပ်မတ် ဆောင်ရွက်သွားရန်လိုကြောင်း၊ ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးအား ၄ လမ်းသွား နိုင်လွန် ကတ္တရာခင်း၍ အဆင့်မြှင့် တင်ခြင်းလုပ်ငန်းများဆောင်ရွက်သွားနိုင်ရေး စီမံချက်ရေးဆွဲသွားရန်နှင့် အခြားလိုအပ်သည်များကို လမ်းညွှန်မှာကြားသည်။

ယင်းနောက် နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များသည် ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးတစ်လျှောက်ဆက်လက်ထွက်ခွာ လာကြပြီး ဆွာချောင်းတံတား ပြန်လည်တည်ဆောက်နေမှု အခြေအနေမျာကို ကြည့်ရှုစစ်ဆေးပြီး တံတားတည်ဆောက်ရေးလုပ်ငန်းများကို စနစ်တကျဆောင်ရွက် ရန်၊ ဆွာချောင်း ကမ်းထိန်းလုပ်ငန်းများနှင့် ရေလမ်းကြောင်း ကောင်းမွန်ရေး ဆောင်ရွက်ရန်နှင့် အခြားလိုအပ်သည်များကို လမ်းညွှန်မှာကြားသည်။

ထို့နောက် နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ နှင့် အဖွဲ့ဝင်များသည် ညနေပိုင်းတွင် နေပြည်တော်သို့ပြန်လည်ရောက်ရှိခဲ့ကြကြောင်း သတင်းရရှိသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)