ဟင်္သာတမြို့နယ်တွင် အဟာရဖွံ့ဖြိုးရေးရက်သတ္တပတ်(ပထမပတ်) မိခင်နို့ စနစ်တကျတိုက်ကျွေးရေး ရက်သတ္တပတ်လှုပ်ရှားမှု၊ စံပြမိခင်ပြိုင်ပွဲနှင့် ဆုပေးပွဲအခမ်းအနား ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဟင်္သာတမြို့နယ်တွင် အဟာရဖွံ့ဖြိုးရေးရက်သတ္တပတ်(ပထမပတ်) မိခင်နို့ စနစ်တကျတိုက်ကျွေးရေး ရက်သတ္တပတ်လှုပ်ရှားမှု၊ စံပြမိခင်ပြိုင်ပွဲနှင့် ဆုပေးပွဲအခမ်းအနား ကျင်းပ





ဟင်္သာတ၊ ဩဂုတ်  ၄

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့နယ်တွင် ၂၀၂၅ ခုနှစ် အဟာရဖွံ့ဖြိုးရေးရက်သတ္တပတ်(ပထမပတ်) မိခင်နို့စနစ်တကျတိုက်ကျွေးရေး ရက်သတ္တပတ်လှုပ်ရှားမှု   အဖြစ် ဩဂုတ် ၄ ရက်နေ့ နံနက် ၁၀ နာရီက မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ စံပြမိခင်ပြိုင်ပွဲနှင့်  ဆုပေးပွဲအခမ်းအနားကို ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ပြိုင်ပွဲဝင်မိခင်များ စာရင်းရေးသွင်းခြင်းနှင့် သက်ဆိုင်ရာအလိုက် တာဝန်ရှိသူများက စံပြမိခင်ရွေးချယ်ခြင်းတို့ဆောင်ရွက်ခဲ့ကြပြီး မြို့နယ်ပြည်သူ့ကျန်းမာရေးဌာနမှ မိခင်နို့ စနစ်တကျတိုက်ကျွေးခြင်းအကြောင်း ပညာပေးဟောပြောခဲ့သည်။ ဆက်လက်၍ စံပြမိခင်ပြိုင်ပွဲ ဆုပေးပွဲ အခမ်းအနားအား ဆက်လက်ပြုလုပ်ခဲ့ရာ ဟင်္သာတ ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးလှိုင်ထွန်းက အဖွင့်အမှာစကား ပြောကြားပြီးနောက် ၂၀၂၅ ခုနှစ် အာဟာရဖွံ့ဖြိုးမှု ရက်သတ္တပတ်များ လှုပ်ရှားမှု အထိမ်းအမှတ် ဗီဒီယို Clip အား ပြသခဲ့သည်။ ထို့နောက် ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးလှိုင်ထွန်းနှင့် တာဝန်ရှိသူများက စံပြမိခင် ပြိုင်ပွဲ ဆုရရှိသူများအား ဆုများချီးမြှင့်ခြင်းနှင့် ပြိုင်ပွဲဝင် မိခင်နှင့်ကလေးများအား ခရိုင် မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဒေါ်သက်သက်ဦးနှင့်အဖွဲ့ဝင်များ၊ မြို့နယ် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း ဥက္ကဋ္ဌ ဒေါ်ခိုင်ခိုင်လွင်နှင့် အဖွဲ့ဝင်များက အမှတ်တရ လက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့ကြသည်။

အဆိုပါ အခမ်းအနားသို့ ဟင်္သာတခရိုင် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးလှိုင်ထွန်း၊ ခရိုင်ပြည်သူ့ ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာ နေခြည်ထက်ထက်လင်းအောင်နှင့် ကျန်းမာရေးဌာန ဝန်ထမ်းများ၊ ခရိုင်အဆင့် ဌာနဆိုင်ရာများ ၊ ခရိုင် အမျိုး သမီးရေးရာနှင့် မိခင်နှင့်ကလေး စောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့  ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးအောင်ဇော်မင်းနှင့် အဖွဲ့ဝင်များ၊ မြို့နယ် အမျိုးသမီးရေးရာနှင့် မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်း ဥက္ကဋ္ဌ နှင့် အသင်းဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ပြိုင်ပွဲဝင် မိခင်များနှင့်ကလေးများ တက်ရောက်ခဲ့ကြောင်းသိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)