အာတိတ်ဒေသမှာ ရုရှားကို လာကျော်လို့မရဘူးလို့ ပူတင်ပြောပြီ - Myanmar National Post

Myanmar National Post

News Agency

Breaking

အာတိတ်ဒေသမှာ ရုရှားကို လာကျော်လို့မရဘူးလို့ ပူတင်ပြောပြီ


ဩဂုတ် - ၂၃ ( စနေနေ့ ) 

ရုရှားနိုင်ငံ မော်စကိုမြို့ အရှေ့ဘက် ဆာရော့ဗ် နျူကလီးယားလုပ်ငန်းခွင်ရှိ လုပ်သားများနှင့် တွေ့ဆုံရာတွင် သမ္မတပူတင်က အာတိတ်ဒေသသည် ရုရှားနိုင်ငံရဲ့ ကာကွယ်ရေးအတွက် အရေးကြီးကြောင်း အလေးအနက် ပြောကြားခဲ့ပြီး ရုရှားနျူကလီးယားရေငုပ်သင်္ဘောများသည် အာတိတ်ရေခဲပြင်အောက်မှာ ရေဒါနဲ့ ဖမ်းမမိနိုင်အောင် ခုတ်မောင်းစွမ်းရှိကြောင်း သောကြာနေ့က ပြောကြားခဲ့ပါတယ်။ 

“ကျနော်တို့ရဲ့ မဟာဗျူဟာမြောက် နျူကလီးယား ရေငုပ်သင်္ဘောတွေဟာ ရေဒါကနေ ဖမ်းလို့မရအောင် အာတိတ်ရေခဲပြင်အောက်မှာ ငုတ်လျှိုးနိုင်ပါတယ်။ ဒါဟာ ကျနော်တို့ရဲ့ စစ်ရေးအားသာချက်ပဲ။ အာတိတ်ဒေသမှာ ရုရှားကို ဘယ်သူမှလာကျော်လို့ မရပါဘူး” လို့ ဆိုပါတယ်။  

လက်ရှိအနေအထားက အာတိတ်ဒေသ ရေခဲများ အရည်ပျော်ခြင်းကြောင့် သင်္ဘောများ လမ်းကြောင်းထိုးပြီး ပိုမိုဝင်ရောက်လာနိုင်ခြင်းကြောင့် အာတိတ်သုတေသနသည် “အလွန်အရေးကြီးပါတယ်” လို့ ၎င်းက ဆက်လက်ပြောပါတယ်။ 

“နိုင်ငံတော်တော်များများက ရေလမ်းကြောင်းတွေကို အသုံးပြုပြီး အာတိတ်ဒေသကို ဝင်ရောက်ဖို့ စိတ်ဝင်စားတဲ့အတွက် ကျနော်တို့က အဲ့ဒိ ယှဉ်ပြိုင်မှုမှာအားသာချက်ရနေတယ်” လို့ ပူတင်က မှတ်ချက်ပြုခဲ့ပါတယ်။ 

ရုရှားနှင့် အမေရိကန်အပါအဝင် နိုင်ငံအများအပြားသည် မကြာသေးမီနှစ်များအတွင်း နိုင်ငံတကာ လုံခြုံရေးနဲ့ ကမ္ဘာလုံးဆိုင်ရာ ကုန်သွယ်မှုအတွက် အာတိတ်ဒေသရဲ့အရေးကြီးမှုကို မီးမောင်းထိုးပြခဲ့ကြပါတယ်။ ရုရှားသည် လက်ရှိတွင် နျူကလီးယားစွမ်းအင်သုံး ရေခဲခွဲသင်္ဘောများကို လည်ပတ်နိုင်တဲ့ တစ်ခုတည်းသောနိုင်ငံဖြစ်ပါတယ်။

၂၀၀၀ခုနှစ် ကတည်းက ရုရှားသည် ဘိုအီ - အတန်းအစား နျူကလီးယား ရေငုပ်သင်္ဘော ရှစ်စင်းကို တည်ဆောက်ခဲ့ပြီး နောက်ဆုံးပေါ် ရေယာဉ်ဖြစ်သည့် ကန်ညက်ပိုဇာစကီး ကို ယမန်နှစ်က ရေချခဲ့ပါတယ်။ နောက်ထပ် နှစ်စင်းကို ဆောက်လုပ်နေဆဲဖြစ်ပါတယ်။  ရေငုပ်သင်္ဘောများတွင် အကွာအဝေး ကီလိုမီတာ ၈၀၀၀ (၄၉၇၀ မိုင်) အထိပစ်နိုင်တဲ့ ဘူလာဗာ ပဲ့ထိန်းဒုံးကျည်များ တပ်ဆင်ထားကြောင်း ပူတင်က ပြီးခဲ့သည့်လအတွင်း က ပြောကြားခဲ့ပါတယ်။ 


REF: RT

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)