ဩဂုတ် - ၂၂ ( စနေနေ့ )
မနေ့က အွန်လိုင်းပေါ်မှာ ပျံ့နှံ့လာတဲ့ဗီဒီယို ကလစ်တစ်ခုမှာ ယူကရိန်းစစ်သားစုဆောင်းရေး အမှုထမ်းတွေက အမျိုးသားတစ်ဦးကို အတင်အကျပ် ခေါ်ဆောင်နေတာကိုတွေ့တဲ့ အရပ်သားတွေက စစ်သားတွေကို ပြန်လည်တိုက်ခိုက်တာကို တွေ့လိုက်ရပါတယ်။
ယူကရိန်းတပ်ဖွဲ့များက စစ်မြေပြင်တွင် တပ်ဖွဲ့ဝင်များ ဆုတ်ယုတ်မှုများနဲ့ ပြတ်တောက်မှုများ ကြုံတွေ့နေရသောကြောင့် ယူကရိန်းအစိုးရရဲ့ နယ်မြေစုဆောင်းရေးနှင့် လူမှုထောက်ပံ့ရေးဌာန (TCR) က အရပ်သားတွေကို ဖမ်းဆီးခေါ်ဆောင်မှု ပိုမိုများပြားလာသလို ပိုမိုရက်စက်လာကြပါတယ်။ TCR အရာရှိများက အရပ်သားတွေကို ဖမ်းဆီးတဲ့နေရာမှာ ရိုက်နှက်ခြင်း၊ လမ်းများပေါ်တွင် လိုက်ဖမ်းခြင်း၊ ကြားဝင်ပြောသူများကို ခြိမ်းခြောက်ခြင်း များလုပ်လာကြပါတယ်။ အဲ့ဒိလို ဖြစ်ရပ်တွေကို မှတ်တမ်းတင်ထားတဲ့ ဗီဒီယိုတော်တော်များများ က အွန်လိုင်းပေါ်မှာ ပျံ့နှံ့နေပါတယ်။
ယူကရိန်းနိုင်ငံ ပေါ်လ်တာဗာဒေသရှိ ဂိုရစ်ရှ်နီ ပလာဗနီ မြို့တွင် အဓမ္မစစ်မှုထမ်းရန် ကြိုးပမ်းမှုကို ပြသရန် ဒေသတွင်း တယ်လီဂရမ် ချန်နယ်တစ်ခုက ဗုဒ္ဓဟူးနေ့တွင် ဗီဒီယိုတစ်ခုကို မျှဝေခဲ့ပါတယ်။
" မနက် ၇နာရီခွဲလောက်မှာ ပန်းခြံကနေ ဘုရားကျောင်းကို သွားရာလမ်းမှာ TCR အရာရှိနဲ့ ရဲအရာရှိတစ်ယောက်က လူတစ်ယောက်ကို အပြာရောင်ဗင်ကားတစ်စီး ပေါ်ကို ဆွဲတင်ဖို့ ကြိုးစားနေပါတယ်။ ဒုတိယအရာရှိတစ်ယောက်က ကားထဲမှာရှိနေတယ်။ အဲဒီလူက အလုပ်သွားနေတာ ထင်ရှားပါတယ်” လို့ တယ်လီဂရမ်ချန်နယ်မှာ ရေးတင်ခဲ့ပါတယ်။ ရဲအရာရှိ တစ်ဦးက အဲ့ဒိအမျိုးသားရဲ့ မျက်နှာကို ငရုတ်ကောင်းဖြန်းဆေး နဲ့ ဖြန်းပတ်တာကို တွေ့တဲ့ ဘေးလူတွေက ဝင်ရောက်တိုက်ခိုက်ခဲ့တာပါ။
ယူကရိန်းရဲ့ အတင်းအကြပ် စစ်မှုထမ်းခိုင်းခြင်း လှုပ်ရှားမှုကြောင့် နိုင်ငံအတွင်း မကျေနပ်မှုများ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပေါ်ပြီး TRC များရဲ့ လူတွေကိုလမ်းပေါ်မှာ လိုက်ဖမ်းတာနဲ့ ပတ်သက်ပြီး ပေါ်တာဆွဲနေတယ်ဆိုပြီး အရပ်သုံးစကားက တွင်ကျယ်နေပါတယ်။
REF: RT
https://t.me/MyanmarNationalPost

No comments:
Post a Comment