ပြည်ခိုင်ဖြိုးပါတီ ဥက္ကဋ္ဌ ဦးခင်ရီ မန္တလေးတိုင်းအတွင်းရှိမြို့နယ်များမှ လူငယ်ပါတီဝင်များနှင့် တွေ့ဆုံစဉ် ရွေးကောက်ပွဲတစ်ခု၏ အရေးပါမှု၊ ရွေးကောက်ပွဲနှင့်ပတ်သက်သည့် အချက်များ ရှင်းလင်းပြောကြား - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပြည်ခိုင်ဖြိုးပါတီ ဥက္ကဋ္ဌ ဦးခင်ရီ မန္တလေးတိုင်းအတွင်းရှိမြို့နယ်များမှ လူငယ်ပါတီဝင်များနှင့် တွေ့ဆုံစဉ် ရွေးကောက်ပွဲတစ်ခု၏ အရေးပါမှု၊ ရွေးကောက်ပွဲနှင့်ပတ်သက်သည့် အချက်များ ရှင်းလင်းပြောကြား






မန္တလေး၊ ဩဂုတ် ၂၂

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦးခင်ရီသည် ဒုတိယဥက္ကဋ္ဌ ဦးလှထွန်း၊ ဗဟိုအလုပ်အမှုဆောင်များဖြစ်ကြသော ဒေါက်တာမောင်သင်း၊ ဦးအောင်သူ၊ မန္တလေးတိုင်းဒေသကြီးပါတီ ဥက္ကဋ္ဌ ဦးအောင်ကျော်မိုးတို့နှင့်အတူ ၂၀-၈-၂၀၂၅ ရက်နေ့ နေ့လည်ပိုင်းတွင် မန္တ‌လေးတိုင်းဒေသကြီးပါတီရုံးခန်းမ၌ ပြုလုပ်သော ပါတီဝင်လူငယ်များ၊ ပါတီဝန်းရံလူငယ်များနှင့် ပါတီ၏ဆောင်ရွက်မှုများကို စိတ်ပါဝင်စားသောလူငယ်များနှင့်တွေ့ဆုံပွဲအခမ်းအနားသို့ တက်ရောက်ခဲ့သည်။

အခမ်းအနားကို နိုင်ငံတော်အလံလေးပြု၍ နိုင်ငံတော်သီချင်းသီဆိုဖွင့်လှစ်ပြီး ပါတီဥက္ကဋ္ဌနှင့် ဒုတိယဥက္ကဋ္ဌတို့က တက်ရောက်လာသော လူငယ်များအား ပါတီဖြစ်ပေါ်လာမှု၊ ပါတီဖွဲ့စည်းမှု၊ ပါတီ၏ထူးခြားချက်နှင့် လှုပ်ရှားဆောင်ရွက်မှု၊ ရည်မှန်းချက်များအား ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် တက်ရောက်လာသော လူငယ်များက လူငယ်နှင့် အမျိုးသမီးများ၏ အခန်းကဏ္ဍ စွမ်းအင်မြှင့်တင်ရေး၊ အလုပ်အကိုင်အခွင့်အလမ်းရရှိရေး၊ နိုင်ငံတစ်ခုတွင် ရွေးကောက်ပွဲတစ်ခု၏ အရေးပါဝင်မှု၊ ရွေးကောက်ပွဲနှင့်ပတ်သက်သည့် အချက်များ၊ အနာဂတ်ပညာရေးအခန်းကဏ္ဍများအား မေးမြန်းကြရာ ပါတီဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌနှင့် ဗဟိုအလုပ်အမှုဆောင်များမှ ပြန်လည်ရှင်းလင်းဖြေကြားပေးခဲ့သည်။

အဆိုပါ တွေ့ဆုံပွဲအခမ်းအနားသို့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦးခင်ရီ၊ ဒုတိယဥက္ကဋ္ဌ ဦးလှထွန်း၊ ဗဟိုအလုပ်အမှုဆောင်များဖြစ်ကြသော ဒေါက်တာမောင်သင်း၊ ဦးအောင်သူ၊ မန္တလေးတိုင်းဒေသကြီးပါတီ ဥက္ကဋ္ဌ ဦးအောင်ကျော်မိုးနှင့် တိုင်းဒေသကြီးကော်မတီဝင်များ၊ ခရိုင်ဥက္ကဋ္ဌများ၊ မြို့နယ် (၁၀)မြို့နယ်မှ ပါတီဝင်လူငယ်များ၊ ပါတီဝန်းရံလူငယ်များနှင့် ပါတီ၏ဆောင်ရွက်မှုများကို စိတ်ပါဝင်စားသောလူငယ်များ စုစုပေါင်း (၃၅၀)ကျော် တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)