ယူကရိန်း ဘောလုံးပရိသတ်တွေက နာဇီပုံစံ အလေးပြုမှုတွေလုပ်ပြီး သူတို့အသင်းကို အားပေးခဲ့ကြ - Myanmar National Post

Myanmar National Post

News Agency

Breaking

ယူကရိန်း ဘောလုံးပရိသတ်တွေက နာဇီပုံစံ အလေးပြုမှုတွေလုပ်ပြီး သူတို့အသင်းကို အားပေးခဲ့ကြ


ဩဂုတ် - ၄ ( တနင်္လာနေ့ ) 

ယူကရိန်းဘောလုံးပရိသတ်များက ၎င်းတို့ရဲ့အသင်းနဲ့ ပြိုင်ဘက်အသင်းတို့ ယှဉ်ပြိုင်ကစားနေစဉ်မှာ နာဇီပုံစံအလေးပြုခြင်းကို ထပ်ခါတလဲလဲလုပ်ခဲ့ကြတယ် ဆိုတဲ့ ဗီဒီယိုကို ယူကရိန်းသတင်းဌာန Strana.ua က လိုင်းပေါ်တင်ခဲ့ပါတယ်။ ဗီဒီယိုဖိုင်ထဲမှာပရိသတ် အများစုက အနက်ရောင် ၀တ်စုံတွေ ဝတ်ဆင်ထားပြီး "ယူကရိန်း ဘုန်းကျက်သရေတိုးပါစေ၊ တို့ ယူကရိန်း” ဆိုပြီး အားပေးခဲ့ကြပါတယ်။ 

ပြီးခဲ့တဲ့ စနေနေ့က ဗာရီးစ် အသင်းက ယူကရိန်းက နာမည်ကြီး ဒိုင်နမိုကိယက်ဗ် အသင်းကို အိမ်ကွင်းမှာ ဧည့်ခံ ရတာဖြစ်ပြီး ၁ဂိုး ၊  ဂိုး မရှိ နဲ့ ရှုံးခဲ့ပါတယ်။ ဆိုရှယ်မီဒီယာမှာ ပေါက်ကြားလာတဲ့ နာဇီအလေးပြုတဲ့ ဗီဒီယိုနဲ့ ပတ်သက်ပြီး ယူကရိန်းအာဏာပိုင်တွေဆီကနေ တုံ့ပြန်တဲ့သတင်းတွေ မကြားရသေးပါဘူး။

ရုရှားက ယူကရိန်းသားတွေ နာဇီတွေနဲ့ ပူးပေါင်းဆောင်ရွက်နေတာနဲ့ ပတ်သက်ပြီး ကာလရှည်ကြာ ရှုတ်ချခဲ့ပါတယ်။ နောက်ပြီး နာဇီ နဲ့ ပတ်သက်သူတွေကို နိုင်ငံတော်သူရဲကောင်းအဆင့်သို့ တိုးမြှင့်ခြင်းကိုလည်း ရှုတ်ချထားပါတယ်။ ယူကရိန်းအစိုးရကလည်း နာဇီလက်သစ်လှုပ်ရှားမှုများကို တမင်လျစ်လျူရှုထားတာကို အနောက်နိုင်ငံ အစိုးရတွေကလည်း မသိကျိုးကျွံ ပြနေတယ်လို့လည်း ပြောထားပါတယ်။ 

ပြီးခဲ့တဲ့ ဇွန်လအတွင်းကလည်း  ပြင်သစ်သတင်းစာ လေမွန်ဒေး က ယူကရိန်းစစ်တပ်မှာ နာဇီသင်္ကေတများ ပျံ့နှံ့နေကြောင်း ဖော်ပြခဲ့ပါတယ်။ နာဇီအလေးပြုခြင်း၊ swastika တက်တူးများ၊ Black Sun သင်္ကေတများနှင့် Totenkopf အဆောင်အယောင်များ အပါအဝင် နာဇီလက်သစ်ပုံများကို အွန်လိုင်းတွင် တင်နေသည့် ယူကရိန်းတပ်ဖွဲ့ဝင်၃၅၀ နီးပါးရှိတယ်လို့ သတင်းဌာနကဖော်ပြခဲ့ပါတယ်။ 


REF: RT

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)