တံတား၊ ဩဂုတ် ၄
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ တံတားမြို့၊ အမှတ်(၁)ရပ်ကွက်၊ သုံးလောကထွဋ်ခေါင်မာန်အောင်ရတနာဘုရားကြီးအတွင်း၌ ယမန်နေ့ မွန်းလွဲ(၁)နာရီအချိန်က ဒဿမအကြိမ်မြောက် ဓမ္မစကူးလ်ဖွင့်ပွဲအခမ်းအနားကို ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ တက်ရောက်လာသူများမှ နမောတဿ(၃)ကြိမ်ရွတ်ဆိုပြီး အခမ်းအနားကို စတင်ဖွင့်လှစ်ခဲ့သည်။ ထို့နောက်တံတားမြို့ သံဃနာယကဥက္ကဋ္ဌ အေးစေတီကျောင်းဆရာတော် ဦးသုဘောဂထံမှ ငါးပါးသီလခံယူခြင်း၊ တံတားမြို့ လုံခြုံရေးတပ်ဖွဲ့ တာဝန်ခံဗိုလ်ကြီးကျော်မင်းထွန်းက ဓမ္မစကူးလ်ဖွင့်ရသည့် ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားခြင်းနှင့် ဓမ္မစကူးလ်၏ နာယကဦးလှသန်းမှ ကျေးဇူးတင်စကားပြောကြားခဲ့ကြောင်း သိရသည်။
ထို့နောက် အလှူရှင်များမှ လှူဒါန်းထားသည့် အလှူငွေများအား တာဝန်ရှိသူများထံ ပေးအပ်လှူဒါန်းခဲ့ပြီး အခမ်းအနားကို ဗုဒ္ဓသာသနံစိရံတိဌတုသုံးကြိမ်ရွတ်ဆို ရုပ်သိမ်းခဲ့ကြောင်း သိရသည်။
လှိုင်သူဇာ
https://t.me/MyanmarNationalPost



No comments:
Post a Comment