ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင် မကွေးတိုင်းဒေသကြီးအတွင်း စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ တိုးမြှင့်ဆောင်ရွက်နိုင်ရေး ကွင်းဆင်းစစ်ဆေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင် မကွေးတိုင်းဒေသကြီးအတွင်း စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ တိုးမြှင့်ဆောင်ရွက်နိုင်ရေး ကွင်းဆင်းစစ်ဆေး


နေပြည်တော်၊ ဩဂုတ် ၂၀

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်သည် ၁၈-၈-၂၀၂၅ ရက်နေ့က မကွေးမြို့ရှိ စိုက်ပျိုးရေးဦးစီးဌာနပိုင် တမာပိုးသတ်ဆေးစက်ရုံကို ငှားရမ်းလုပ်ကိုင်လျက်ရှိသည့် Myanma Pesticides Industry Co., Ltd. ၏ တမာပိုးသတ်ဆေး ထုတ်လုပ်နေမှုကို ကြည့်ရှုစစ်ဆေးပြီး ထုတ်လုပ်မှုတိုးတက်ရေးနှင့် သတ်မှတ်စံချိန်စံညွှန်းပြည့်မီစွာ ထုတ်လုပ်နိုင်ရေး ဆွေးနွေးမှာကြားသည်။

ထို့နောက် မကွေးတိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာနမှူးရုံးအစည်းအဝေးခန်းမ၌ တိုင်းဒေသကြီး၊ ခရိုင်နှင့် မြို့နယ်အဆင့်လယ်ယာကဏ္ဍဆိုင်ရာ တာဝန်ရှိသူများနှင့်တွေ့ဆုံ၍ မကွေးတိုင်းဒေသကြီးအတွက် စိုက်ပျိုးရာသီအလိုက် သတ်မှတ်ထားသော လျာထားဧကပြည့်မီစွာ စိုက်ပျိုးနိုင်ရေးနှင့် ပန်းတိုင်အထွက်နှုန်းရရှိရေး၊ ဒေသရေမြေနှင့်ကိုက်ညီသည့် သီးနှံအမယ်သစ်များ တိုးချဲ့စိုက်ပျိုးနိုင်ရေး၊ မြေယာအသုံးချမှုနှင့်ပတ်သက်၍ ဥပဒေ၊ နည်းဥပဒေများ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ တိကျစွာလိုက်နာဆောင်ရွက်ကြရန်နှင့် ကျင့်ဝတ်သိက္ခာ ကောင်းမွန်သော နိုင်ငံ့ဝန်ထမ်းများအဖြစ် တောင်သူလယ်သမားအခွင့်အရေးကာကွယ်ရေးနှင့် အကျိုးစီးပွား မြှင့်တင်ရေးလုပ်ငန်းများကို ကြိုးပမ်းဆောင်ရွက်သွားကြရန် ဆွေးနွေးမှာကြားသည်။

ထို့နောက် တိုင်းဒေသကြီး၊ ခရိုင်နှင့် မြို့နယ်အဆင့်လယ်ယာကဏ္ဍဆိုင်ရာ တာဝန်ရှိသူများက လုပ်ငန်းများဆောင်ရွက်ပြီးစီးမှုနှင့် ဆက်လက်ဆောင်ရွက်မည့်လုပ်ငန်းများကို သက်ဆိုင်ရာကဏ္ဍအလိုက် တင်ပြကြရာ ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)