မွန်ပြည်နယ် ဝန်ကြီးချုပ်ဦးအောင်ကြည်သိန်း လက်ထောက်ဆရာဝန် (သစ်လွင်) ကြိုဆိုပွဲ အခမ်းအနားတက်ရောက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မွန်ပြည်နယ် ဝန်ကြီးချုပ်ဦးအောင်ကြည်သိန်း လက်ထောက်ဆရာဝန် (သစ်လွင်) ကြိုဆိုပွဲ အခမ်းအနားတက်ရောက်




မော်လမြိုင်၊ ဩဂုတ် ၂၀

မွန်ပြည်နယ် မော်လမြိုင်မြို့တွင် လက်ထောက်ဆရာဝန် (သစ်လွင်) ကြိုဆိုပွဲအခမ်းအနားကို ယမန်နေ့က အထွေထွေရောဂါကု ဆေးရုံကြီး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။

ဦးစွာ အခမ်းအနားတွင် ပြည်နယ် ဝန်ကြီးချုပ်က ကျန်းမာရေးဝန်ကြီးဌာနသည်လည်း အမျိုးသား ကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ၏ ဦးတည်ချက်(၄)ရပ်အနက် တတိယအချက်ဖြစ်သည့် "နိုင်ငံတော်စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ခိုင်မာစေရေးအတွက် အမျိုးသားပညာရေးကဏ္ဍ၊ ကျန်းမာရေးကဏ္ဍတို့ကို အလေးထားမြှင့်တင်ရေး" အတွက် မူဝါဒများချမှတ်ကာ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများကို နှီးနွယ်ဝန်ကြီးဌာနများ၊ တိုင်းဒေသကြီး/ပြည်နယ် အစိုးရအဖွဲ့များ၊ နိုင်ငံတကာနှင့် ပြည်တွင်းအစိုးရမဟုတ်သည့် အဖွဲ့အစည်းများ၊ ဒေသခံပြည်သူများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း၊ မော်လမြိုင်ပြည်သူ့ဆေးရုံကြီးအနေဖြင့်လည်း အရေးပေါ်လူနာများ အချိန်ပြည့်လက်ခံကုသနိုင်ရေးစီမံထားရှိပြီး လူနာများကို တတ်နိုင်သမျှကုန်ကျစရိတ်မရှိစေဘဲ စိုက်ထုတ်သုံးစွဲရငွေ လျော့နည်းစေရေးအတွက် စီစဉ်ဆောင်ရွက်လျက်ကြောင်း၊ သစ်လွင်ဆရာဝန်များအနေဖြင့်လည်း ယခုမိမိတို့ တာဝန်ကျရာဆေးရုံများမှာ တာဝန်ထမ်းဆောင်နေစဉ်ကာလအတွင်း လူနာများ စိတ်ကျေနပ်မှုရရှိစေရေး၊ မိမိတို့လုပ်ဖေါ်ကိုင်ဖက်အချင်းချင်းစိတ်တူကိုယ်တူဖြင့် အတွေ့အကြုံများ မျှဝေဖလှယ်ကြပြီး ပြည်သူလူထု၏ ကျန်းမာရေးကို ကိုယ်စွမ်းဉာဏ်စွမ်းရှိသ၍ ပြုစုစောင့်ရှောက်ပေးနိုင်သည့် သူများဖြစ်ရေးကြိုးစားဆောင်ရွက်သွားကြမယ်လို့ ယုံကြည်မိပါကြောင်း၊ လူတိုင်းလက်လှမ်းမီသည့် အရည်အသွေးပြည့်ဝသည့် ကျန်းမာရေးစောင့်ရှောက်မှုများကို ပြည်သူလူထုမှရရှိစေရေး မောင်တို့မယ်တို့အနေဖြင့် ပြည်သူကို ကုသစောင့်ရှောက်မှုပေးပြီး နိုင်ငံ့အကျိုးပြုကျန်းမာရေးဝန်ထမ်းကောင်းများ ဖြစ်ကြစေလိုကြောင်း ပြောကြားသည်။

ထို့နောက် မောင်မယ် (သစ်လွင်) လက်ထောက်ဆရာဝန်များမှ တစ်ဦးချင်းမိတ်ဆက်စကားပြောကြားပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ခဲ့ကြောင်း သိရှိရသည်။


စည်သူ 

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)