မန္တလေးသို့သယ်ဆောင်မည့် ငွေကျပ် ၄ ဒသမ ၂၉ ဘီလီယံတန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မန္တလေးသို့သယ်ဆောင်မည့် ငွေကျပ် ၄ ဒသမ ၂၉ ဘီလီယံတန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ


နေပြည်တော်၊ ဩဂုတ် ၁၄

မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းမြို့နယ်၊ အင်တိုင်းကျေးရွာအုပ်စု၊ ကင်းကျေးရွာအနီး၌ ပီနံအိတ်များတင်ဆောင်နေသည့် မော်တော်ယာဉ် ၂ စီးအား လုံခြုံရေးတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့က ဩဂုတ် ၇ ရက်နေ့ နံနက် ၆ နာရီ မိနစ် ၃၀ ခန့်တွင် သတင်းအရ စစ်ဆေးစဉ် မန္တလေးသို့ သယ်ဆောင်ကြမည့် ဘိန်းဖြူ ၁၇၁ ဒသမ ၆ ကီလို(ခန့်မှန်းတန်ဖိုးငွေကျပ် ၄ ဒသမ ၂၉ ဘီလီယံ)ရှိ ဘိန်းဖြူပါဆပ်ပြာခွက်များကို ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရှိရသည်။

ဖြစ်စဉ်မှာ ကင်းကျေးရွာအနီး၌ တင်မိုး မောင်းနှင်သည့် BGO-11 9P-XXXX MAZDA BONGO ယာဉ်နှင့် ရာဇာထွန်း မောင်းနှင်သည့် SGG-20 8K-xxxx I ZONE ယာဉ် ၂ စီး ပေါ်သို့ ဘိန်းဖြူ ပါဆပ်ပြာခွက်များ ထုပ်ပိုးထားသည့် ပီနံအိတ်များတင်နေစဉ် လုံခြုံရေးတပ်ဖွဲ့ဝင်များက ရှာဖွေ စစ်ဆေးရာ ဘိန်းဖြူ ၁၇၁ ဒသ မ ၆ ကီလို (ခန့်မှန်းတန်ဖိုးငွေကျပ် ၄ ဒသ မ ၂၉ ဘီလီယံ)ကို လုံခြုံရေးတပ်ဖွဲ့ဝင်များက ဖမ်းဆီးရမိခဲ့ပြီး တာဝန်ခံသယ်ဆောင်လာသူ တံတားဦးမြို့နယ်နေ ကျော်လွင်ဦးနှင့် မော်တော်ယာဉ်များပေါ်သို့ မူးယစ်ဆေးဝါးများ တင်ဆောင်ပေးသူများဖြစ်သည့် ကလောမြို့နယ်နေ ဖိုးပိုင် အပါအဝင် ၂၂ ဦး တို့ကိုပါ ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။

ဖော်ထုတ်ချက်များအရ ဖမ်းဆီးရမိ ဘိန်းဖြူများအား ကလောမြို့နယ်မှ ရမည်းသင်း မြို့နယ်သို့ သယ်ဆောင်ခိုင်းသူမှာ ချစ်သူ(ဖမ်းဆီးရန်ကျန်တရားခံ)ဖြစ်ပြီး ၎င်း၏စေခိုင်းချက်အရ ဖိုးပိုင်ပါ ၂၂ ဦးတို့သည် ကလောမှ ရမည်းသင်းသို့ သယ်ဆောင်လာခြင်းဖြစ်ကြောင်း၊ ရမည်းသင်းမှ မန္တလေးသို့ တာဝန်ခံသယ်ဆောင်ခိုင်းသူမှာ ကြူကြူမြင့်(ဖမ်းဆီးရန်ကျန်တရားခံ) ဖြစ်ကြောင်း သိရှိရပြီး မူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းဆီးရမိသူများအား ဥပဒေအရ အရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူများအား ဆက်လက်ဖော်ထုတ်လျက်ရှိကြောင်း သတင်းရရှိသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)