နေပြည်တော်၊ ဩဂုတ် ၁၆
လုံခြုံရေးတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဩဂုတ်လ ၆ ရက်နေ့ ညနေ ၅ နာရီအချိန် သတင်းအရ ကလေးမြို့နယ်၊ ကျောင်းတိုက်ကျေးရွာအုပ်စု၊ ဆည်ကြီးကျေးရွာအနီးတွင် ကလေးမြို့မှ လက်ပံချောင်းကျေးရွာဘက်သို့ ဝင်းကိုကို(ခ)အဲကို မှ ဆိုင်ကယ်ဆိုက်တွဲဖြင့် သယ်ဆောင်လာသည့် ဂျပ်ဖာများဖြင့် ထည့်လျက် ဘိန်းဖြူ ၁၅ ဒသမ ၀၇ ကီလို(၎င်းဒေသတန်ဖိုးငွေကျပ် ၇,၅၃၅ သိန်း)နှင့် စိတ်ကြွရူးသွပ်ဆေးပြား ၉ ဒသမ ၉၂ သိန်း(၎င်းဒေသတန်ဖိုးငွေကျပ် ၁ ဒသမ ၉၈၄ ဘီလီယံ)တို့အား ဖမ်းဆီးရမိခဲ့သည်။
ကွင်းဆက်စစ်ဆေးဖော်ထုတ်ချက်အရ ဩဂုတ်လ ၇ ရက်နေ့ မွန်းလွဲ ၁ နာရီခွဲအချိန် မန္တလေးမှ ကလေးသို့ မူးယစ်ဆေးဝါးများ သယ်ဆောင်လာပြီး လွှဲပြောင်းပေးအပ်ခဲ့သည့် တိုးတက်အောင်(ခ)မဲလုံး နှင့် အောင်ခန့်ဇော်(ခ)အောင်ကြီး တို့အား ကလေးမြို့၊ မင်္ဂလာဥယျာဉ်ရပ်ကွက်၊ နယ်မြေ(၅)၊ သတိပဌာန်လမ်းသွယ်ရှိနေအိမ်တွင် မန္တလေးမှ ကလေးသို့ မူးယစ်ဆေးဝါးများ တင်ဆောင်ခဲ့သည့် HINO ၁၂ ဘီးယာဉ်နှင့်အတူ ဆက်လက်ဖမ်းဆီးရမိခဲ့ကြောင်း၊ စစ်ဆေးပေါ်ပေါက်ချက်များအရ ဖမ်းဆီးရမိ ဘိန်းဖြူနှင့် စိတ်ကြွရူးသွပ်ဆေးပြားများအား မန္တလေးမှ ကလေးသို့ သယ်ဆောင်ခိုင်းသူများမှာ ဘိုမင်း နှင့် စိုးမိုးဦး တို့ဖြစ်ပြီး တမူးမြို့နယ်၊ ခမ်းပတ်မြို့နေ ကျင်မှုံခန့် မှ မြန်မာ-အိန္ဒိယနယ်စပ်သို့ သယ်ဆောင်ရောင်းဝယ်ခြင်းဖြစ်ကြောင်း သိရှိရသဖြင့် ၎င်းတို့အား ဥပဒေအရ အရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူများအား ဆက်လက်ဖော်ထုတ်လျက်ရှိကြောင်း သိရသည်။
https://t.me/MyanmarNationalPost

No comments:
Post a Comment