ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ရွှေတောင်မြို့နယ်အတွင်းဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအားကွင်းဆင်းကြည့်ရှုစစ်ဆေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ရွှေတောင်မြို့နယ်အတွင်းဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအားကွင်းဆင်းကြည့်ရှုစစ်ဆေး







ရွှေတောင်၊ သြဂုတ် ၁၆

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်အတွင်း ပဲခူးတိုင်း ဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်းဒေသကြီး /ခရိုင် အဆင့် ဌာနဆိုင်ရာအကြီးအကဲများ လိုက်ပါ၍ ယမန့်နေ့ နေ့လယ်ပိုင်းက ရွှေတောင်မြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအားကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်းသိရသည်။

အဆိုပါ စစ်ဆေးရာတွင် ရွှေတောင်မြို့နယ် ၊နွားခြံကုန်းကျေးရွာအုပ်စု၊ ကျွန်းတန်းရိုးကျေးရွာ ၊ ကွင်းအမှတ် ( ၄၅၉A)ရှမ်းကုန်းကွင်းအတွင်းတောင်သူဦးဌေးလင်း၏မြေပဲ( ဆင်းပဒေသာ-ဆင်းပဒေသာ-၁၁)(၀.၅) ဧကစိုက်ပျိုးဖြစ်ထွန်း၍ရိတ်သိမ်းနေမှုအခြေအနေများ၊ ရွှေတောင်မြို့နယ် ၊ မြို့မကျေးရွာအုပ်စုတွင် မြို့မစည်းလုံချည်စက်ရက္ကန်းလုပ်ငန်းလုပ်ကိုင်သူ( ၇၈) ဦး၊ ရက္ကန်းစင်(၂၃၁) စင်ရှိသည့်အနက် တိုင်းဒေသကြီး နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ဆောင်ရွက်လိုသည့် လုပ်ငန်းလုပ်ကိုင်သူ (၃၃) ဦးနှင့် တွေ့ဆုံပြီး အရည်အသွေးမီပစ္စည်းများ ထုတ်လုပ်ဖြန့်ဖြူးရောင်းချနိုင်ရေးအတွက် လိုအပ်သည့် ချေးငွေများ ကူညီပံ့ပိုးပေးနိုင်ရေး သက်ဆိုင်ရာ တာဝန်ရှိသူများနှင့်ညှိနှိုင်းဆွေးနွေးမှာကြားခဲ့ပြီး စက်ရက္ကန်းစင်များဖြင့် ပုဆိုး၊စည်းလုံချည်ဝမ်းဆက်ချည်ထည်အမျိုးမျိုးထုတ်လုပ်မှုများကိုကြည့်ရှုအားပေးခဲ့ပြီး ပြည်ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ  ဥက္ကဌ ဦးသိန်းအောင်နှင့်အဖွဲ့ဝင်များ၊ ရွှေတောင်မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ ဥက္ကဌ ဦးဟံဝင်းအောင်နှင့် အဖွဲ့ဝင်များက လုပ်ငန်းဆောင်ရွက်မှုအခြေအနေများအားရှင်းလင်းတင်ပြခဲ့ရာ ပဲခူးတိုင်း ဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်မှ လိုအပ်သည်များကို လမ်းညွှန်မှာကြား ခဲ့ကြောင်းသိရသည်။


ကိုကိုမင်း 

https://t.me/MyanmarNationalPost


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)