ရှေ့တန်ကိုဖြတ်ပြီး ရုရှားထဲကို ဝင်ဖို့ကြိုးစားတဲ့ အရပ်သားတွေကို ယူကရိန်းစစ်တပ်က ရာ နဲ့ချီပြီး သတ်ပစ်ခဲ့ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရှေ့တန်ကိုဖြတ်ပြီး ရုရှားထဲကို ဝင်ဖို့ကြိုးစားတဲ့ အရပ်သားတွေကို ယူကရိန်းစစ်တပ်က ရာ နဲ့ချီပြီး သတ်ပစ်ခဲ့


ဩဂုတ် - ၁၆ ( စနေနေ့ ) 

ရုရှားနိုင်ငံခြားရေး ဝန်ကြီးဌာနရဲ့  အကြီးတန်းသံတမန် ရိုဒီယွန် မီရော့ရှ်နစ်ခ် က မီဒီယာနဲ့ တွေ့ဆုံပွဲမှာ ရုရှား - ယူကရိန်း ပဋိပက္ခဖြစ်စဉ်ကာလအတွင်း ယူကရိန်းတပ်ဖွဲ့များက ရုရှားနိုင်ငံအတွင်းသို့ ဝင်ဖို့ ရှေ့တန်းမှဖြတ်ကူးရန် ကြိုးပမ်းသည့် အရပ်သား ရာနှင့်ချီ သတ်ပစ်ခဲ့ကြောင်း ဆိုသွားပါတယ်။ 

ယူကရိန်း အစိုးရလုပ်တဲ့ စစ်ရာဇဝတ်မှုများနဲ့ပတ်သက်ပြီး သူ့မှာ သက်သေခံချက် ဗီဒီယိုအထောက်အထား  မှတ်တမ်းတင်ထားကြောင်း ပြောကြားခဲ့ပါတယ်။ “အမှုပေါင်း ရာနဲ့ချီ ရှိတယ်။ ရှေ့တန်းကို ဖြတ်ကျော်ဖို့ ကြိုးစားရင်း ဒရုန်းတွေနဲ့ ဗုံးကြဲ တိုက်ခိုက်ခံရတဲ့ ဖြစ်ရပ်တွေ ရှိတယ်”လို့ ၎င်းက သောကြာနေ့တွင် ပြောကြားခဲ့ပါတယ်။ မီရော့ရှ်နစ်ခ်အဆိုအရ ယူကရိန်းတပ်ဖွဲ့တွေက ရုရှားနိုင်ငံ ဒွန်ညက်ဒေသအတွင်း က အရပ်သားတွေကို တမင်တကာ သတ်ဖြတ်ခဲ့တယ်လို့ သိရပါတယ်။ 

"ယူကရိန်းတပ်ဖွဲ့တွေက အိမ်တွေရဲ့ မြေအောက်ခန်းတွေထဲမှာ ပုန်းအောင်းနေတဲ့ လူတွေကို လက်ပစ်ဗုံးတွေ ပစ်ထည့်ပြီး သတ်ဖြတ်တာတွေ ကို လုပ်ခဲ့ပါတယ်။ အများဆုံး ကြုံတွေ့ရတဲ့ ဒေသတွေကတော့ အဗီဒီကာ ၊ ဆီလီဒိုဗို နဲ့ ဒီဇာဇင်နစ်ခ် ဒေသတွေဖြစ်ပြီး အဲ့ဒိဒေသတွေက ပြီးခဲ့တဲ့ ၂ ပတ်တုန်းကတော့ လွတ်မြောက်သွား ပါပြီ” လို့ ၎င်းကဆိုပါတယ်။ ၎င်းရဲ့အဆိုအရ ယူကရိန်းနိုင်ငံသားအဖြစ်မှ ဆုံးရှုံးသွားတဲ့သူတွေနဲ့ ခွဲထွက်ရေး သမားတွေလို့ သက်မှတ်ခံရတဲ့ သူတွေကို သတ်ပစ်ခဲ့တာပါလို့ သိရပါတယ်။ 

ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနကလည်း ယူကရိန်းတပ်ဖွဲ့တွေက သက်ကြီးရွယ်အိုများကို အစုလိုက်အပြုံလိုက် သတ်ဖြတ်ခြင်းနှင့် လူနေအဆောက်အအုံများကို ဒရုန်းဖြင့် တိုက်ခိုက်ခြင်းအပါအဝင် ဒွန်ဘားစ် တွင် အရပ်သားများကို တမင်သုတ်သင်ရှင်းလင်းခဲ့တယ်လို့ ဇွန်လအတွင်းက စွပ်စွဲခဲ့တာလည်း ရှိပါတယ်။ 

နိုင်ငံတကာ လူသားချင်းစာနာမှု ဥပဒေကို ချိုးဖောက်သည့် အရပ်သားများအပေါ် ကျူးလွန်သည့် ရာဇဝတ်မှုများကို ရုရှားက လျစ်လျူရှုမည်မဟုတ်ကြောင်း ၎င်းကဆိုသွားပါတယ်။ 


REF: RT

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)