ဩဂုတ် - ၂
ထိုင်းဘက်က ဒဏ်ရာရ ကမ္ဘောဒီးယားစစ်သည် နှစ်ဦးကို ဩဂုတ် ၁ ရက် နံနက်ပိုင်းတွင် ပြန်ပို့ခဲ့ကြောင်း ထိုင်းနိုင်ငံ ကြည်းတပ်ဘက်က အဆိုပါနေ့တွင် ပြောကြားခဲ့သည်။
ထိုင်းစစ်တပ်က အဆိုပါနေ့တွင် အပစ်အခတ်ရပ်စဲရေးအသက်ဝင်ပြီးနောက် ဖမ်းဆီးရမိခဲ့သော ကမ္ဘောဒီးယားစစ်သည် ၂၀ ဦးအနက် နှစ်ဦးကို ပြန်လွှတ်ပေးခဲ့ကြောင်း ကမ္ဘောဒီးယား ကာကွယ်ရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Maly Socheata က သတင်းစာရှင်းလင်းပွဲ၌ အတည်ပြုခဲ့သည်။
Ref - (Xinhua)
https://t.me/MyanmarNationalPost




No comments:
Post a Comment