ပေါင်၊ ဩဂုတ် ၁၇
မွန်ပြည်နယ်၊ပေါင်မြို့နယ်၌ ငါးမျိုးစိုက်ထည့်ပွဲအခမ်းအနားကိုယမန်နေ့က ဖြူဘကျေးရွာ၊ဖြူဘ-သဲကုန်းလမ်းပေါ်ရှိ ရင်းငြိမ်ချောင်းကူးတံတား၌ ကျင်းပခဲ့ရာ သထုံခရိုင်ငါးလုပ်ငန်းဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးမင်းမင်း၊ပေါင်မြို့နယ် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဌ ဦးထင်လင်းအောင်နှင့်ကော်မတီဝင်များ၊မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့်အဖွဲ့ဝင်များတက်ရောက်ခဲ့ကြသည်။
အဆိုပါအခမ်းအနားတွင်၂လက်မအရွယ်ရှိငါးမြစ်ချင်းသားပေါက် ကောင်ရေ(၃၀၀၀၀)အားငါးမျိုးစိုက်ထည့်ခဲ့ကြောင်းသိရသည်။
မွန်မလေး
https://t.me/MyanmarNationalPost



No comments:
Post a Comment