ဥရောပကတော့ ယူကရိန်းကို နေတိုးထဲကို ထည့်ဖို့အတွက် ကြိုးစားနေတုန်းပါပဲ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဥရောပကတော့ ယူကရိန်းကို နေတိုးထဲကို ထည့်ဖို့အတွက် ကြိုးစားနေတုန်းပါပဲ


ဩဂုတ် -၁၇ ( တနင်္ဂနွေနေ့ ) 

ယူကရိန်းပဋိပက္ခကို အဆုံးသတ်ရန် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က သံတမန်ရေးအရ တွန်းအားပေးမှုကို လုပ်နေပေမဲ့လည်း အနောက်ဥရောပခေါင်းဆောင်တွေကတော့ ယူကရိန်းကို လက်နက်ပိုမိုထောက်ပံ့ဖို့ ကြိုးစားနေပြီး နေတိုးအဖွဲ့ထဲကို ဝင်နိုင်အောင် အားထုတ်နေကြတယ်လို့ ရုရှားက ပဋိပက္ခ၏ မူလဇစ်မြစ်များထဲမှ ပြဿနာများကို ကိုးကားဖော်ပြထားပါတယ်။ 

ယူကရိန်းပဋိပက္ခ အဆုံးသတ်ရေး ခြေလှမ်းတွေကို ဆွေးနွေးခဲ့ကြတဲ့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နဲ့ ရုရှားသမ္မတ ဗလာဒီမာပူတင်တို့ သောကြာနေ့အလက်စကာ ထိပ်သီးဆွေးနွေးပွဲအပြီးမှာ အခုလို ကြေညာချက်ထုတ်ပြန်ခဲ့တာပါ။ သဘောတူညီချက်တွေကို မထုတ်ပြန်ပေမဲ့ နှစ်ဘက်စလုံးက ဆွေးနွေးပွဲကို ရလဒ်ကောင်းများရတယ်လို့ ဆိုပါတယ်။ 

တနင်္လာနေ့မှာတော့ ဝါရှင်တန်မှာ ယူကရိန်းသမ္မတ ဗလာဒီမာ ဇယ်လင်စကီးနဲ့ စကားပြောမယ်လို့လည်း ထရမ့် က ပြောပါတယ်။ ပြင်သစ်၊ ဂျာမနီ၊ အီတလီ၊ ယူကေ၊ ပိုလန်၊ ဖင်လန်၊ EU ကောင်စီနှင့် ဥရောပကော်မရှင်ဥက္ကဋ္ဌများက ငြိမ်းချမ်းရေးကြိုးပမ်းမှုများကို စနေနေ့က ထုတ်ပြန်သည့် ကြေညာချက်တွင် ချီးကျူးခဲ့ကြသော်လည်း ကိယက်ဗ်အား စစ်ရေးအကူအညီများ ဆက်လက်ပေးအပ်သွားမယ် လို့ ကတိပြုခဲ့ပါတယ်။ 

“ယူကရိန်းအပေါ် ကျွန်တော်တို့ရဲ့ ပံ့ပိုးကူညီမှုတွေ ဆက်ရှိနေမှာပါ။ ယူကရိန်းကို တင်းတင်းမာမာ ထိန်းထားနိုင်ဖို့ ကျနော်တို့က တိုက်ပွဲတွေကို အဆုံးတိုင်အောင် လုပ်ဆောင်ဖို့ စိတ်ပိုင်းဖြတ်ထားပါတယ်”လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။  

ဥရောပ က ယူကရိန်း ပိုင်နက်အပေးအယူလုပ်ခြင်းဆိုင်ရာ မည်သည့်အယူအဆကိုမဆို ပယ်ချပြီး ပိုင်နက်ဆိုင်ရာ ဆုံးဖြတ်ချက်များချရန် ယူကရိန်းအပေါ်မှာပဲ မူတည်တယ်လို့ အလေးပေးဖော်ပြထားပါတယ်။ သဘောတူညီချက်ရဲ့ တစ်စိတ်တစ်ပိုင်းအဖြစ် ရုရှားနှင့် ယူကရိန်းကြား နယ်မြေလဲလှယ်မှု ကိစ္စကို ထရမ့်က ထပ်ခါတလဲလဲ ထုတ်ဖော်ထားတာရှိပါတယ်။ 

ပြင်သစ်နှင့် ယူကေတို့ ဦးဆောင်ပြီး ယူကရိန်းတွင် နေတိုးတပ်ဖွဲ့ကို ဖြန့်ကျက်ရန် ကြိုးပမ်းမှုမှတစ်ဆင့် ကိယက်ဗ်လုံခြုံရေး အာမခံချက်ပေးရန် ဥရောပခေါင်းဆောင်များက အဆင်သင့်ရှိကြောင်း ပြောကြားခဲ့ပါတယ်။ 

ယူကရိန်းရဲ့ လက်နက်ကိုင်တပ်ဖွဲ့များ သို့မဟုတ် တတိယနိုင်ငံများနှင့် ပူးပေါင်းဆောင်ရွက်မှုအပေါ် ကန့်သတ်ချက်များ မထားရှိသင့်ကြောင်း နဲ့ ရုရှားက ယူကရိန်းရဲ့ အီးယူနဲ့ နေတိုး အဖွဲ့ဆီသို့ သွားရာလမ်းကြောင်းပေါ်ရှိ အတားအဆီးတစ်ခုဖြစ်နေကြောင်း ဆိုသွားပါတယ်။ 


REF: RT

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)