မအူပင်ခရိုင်အဆင့် (၂၆)ကြိမ်မြောက် မြန်မာ့ရိုးရာယဥ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲဖွင့်ပွဲအခမ်းအနားကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

မအူပင်ခရိုင်အဆင့် (၂၆)ကြိမ်မြောက် မြန်မာ့ရိုးရာယဥ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲဖွင့်ပွဲအခမ်းအနားကျင်းပ




မအူပင် ၊ သြဂုတ် ၂၉


 ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့၌ ခရိုင်အဆင့် (၂၆)ကြိမ်မြောက် မြန်မာ့ရိုးရာယဥ်ကျေးမှု အဆို၊ အက၊ အရေး ၊အတီး ပြိုင်ပွဲ ဖွင့်ပွဲအား ယနေ့နံနက် (၈)နာရီက အမှတ်(၄)ရပ်ကွက်၊ ကမ်းနားလမ်းရှိ တိုးရွှေဝါခန်းမ‌တွင် ကျင်းပခဲ့ကြောင်း သိရသည်။

အခမ်းအနားအား ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌဦးမြင့်နိုင်နှင့်အဖွဲ့ဝင်များမှ ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌက အဖွင့်အမှာစကား ပြောကြားသည်။ ဆက်လက်၍ အခြေခံပညာအဆင့် (၁၅-၂၀) နှစ်မှ မရွှန်းလဲ့မေနှင့် အခြေခံပညာ (၁၀-၁၅)နှစ်မှ မဂျူးဂျူးအောင်တို့မှ နှလုံးသားကိုအလှဆင်ပါမယ်သီချင်းဖြင့်လည်းကောင်း၊ မောင်ဘုန်းမြတ်သုတမှ ဆိုင်းဝိုင်းဖြင့်လည်းကောင်း၊ သဘင်အစည်းအရုံး ဦးမောင်မောင်မြင့်မှ ညီတော်မင်းနန် ချွတ်ခန်းသီချင်းဖြင့်လည်းကောင်း၊ အဆင့်မြင့်ပညာမှ မောင်လှထွန်းခိုင်ဦးက အကဖြင့်လည်းကောင်း ဖျော်ဖြေခဲ့ကြသည်။ ယင်းနောက် ခရိုင်အဆင့် အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲအား ဆက်လက်ကျင်းပရာ မအူပင်၊ ပန်းတနော်၊ ညောင်တုန်း၊ ဓနုဖြူမြို့နယ်များမှ အခြေခံပညာအဆင့်၊ အခြေခံပညာ (၁၀)နှစ်မှ (၁၅)နှစ်၊ အခြေခံပညာ (၁၅)နှစ်မှ (၂၀)နှစ် မဟာဂီတ၊ ခေတ်ဟောင်းတေး/ကာလပေါ်၊ အမျိုးဂုဏ်/ဇာတိဂုဏ် အဆိုဖြင့်လည်းကောင်း၊ အကပြိုင်ပွဲ၊ ကဗျာလွတ်အကဖြင့်လည်းကောင်း၊ အရေးဖြင့် လည်းကောင်း၊ တစ်ဦးချင်း ပတ္တလား၊ စန္ဒယား၊ ဆိုင်းဝိုင်း၊ တယော၊ မယ်ဒလင်၊ ဂီတာ၊ စောင်း၊ နှဲ ဖြင့်လည်းကောင်း၊ အဖွဲ့လိုက် အိုးစည်၊ ဆိုင်းဝိုင်းအတီးဖြင့်လည်းကောင်း ပါဝင်ယှဉ်ပြိုင်ခဲ့ကြသည်။

အဆိုပါ အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲသို့ ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမြင့်နိုင်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးတိုးတိုးဝင်းနှင့် အဖွဲ့ဝင်များ၊ ပန်းတနော်၊ ညာင်တုန်း၊ ဓနုဖြူမြို့နယ်များမှ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေး ကော်မတီဥက္ကဋ္ဌများ၊ ဌာနဆိုင်ရာများ၊ အကဲဖြတ်ဒိုင်လူကြီးများနှင့် ပြိုင်ပွဲဝင်များ၊ အသင်းအဖွဲ့များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။


အောင်မြင့်မြတ်

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)