တမူးမြို့စန္ဒကူးရပ်ကွက် မိုးရာသီဖလား အလွတ်တန်းဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

တမူးမြို့စန္ဒကူးရပ်ကွက် မိုးရာသီဖလား အလွတ်တန်းဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲကျင်းပ




တမူး ၊  ဩဂုတ်၂၉


စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးမြို့ စန္ဒကူးရပ်ကွက် မိုးရာသီဖလား အလွတ်တန်းဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုချီးမြှင့်ပွဲကို ယမန်နေ့ ညနေ(၄)နာရီအချိန်က အခြေခံပညာအထက်တန်းကျောင်း(ခွဲ) ဘောလုံးကွင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။


ပြိုင်ပွဲကျင်းပရာတွင် ဗိုလ်လုပွဲစဉ်အဖြစ် ဈေးတန်းရပ်ကွက်အသင်းနှင့် စန္ဒကူးရပ်ကွက်အသင်းတို့ ယှဉ်ပြိုင်ကစားကြရာ ဈေးတန်းရပ်ကွက်ဘောလုံး အသင်းက(၁ - ၀) ဂိုးဖြင့် အနိုင်ရရှိခဲ့သည်။


ဆက်လက်၍ ဆုချီးမြှင့်ပွဲကျင်းပရာ ပွဲစဉ်တစ်လျှောက် အကောင်းဆုံးအားကစားသမားဆု၊ အကောင်းဆုံးဂိုးသမားဆု၊ နောက်တန်းဆု၊ အလယ်တန်းဆု၊ ရှေ့တန်းဆုရရှိသူများနှင့် ဒုတိယဆုရ စန္ဒကူးရပ်ကွက်‌ ဘောလုံးအသင်းအား ဆုတံဆိပ်နှင့် ငွေသားဆုများ၊ ပထမဆုရ ဈေးတန်းရပ်ကွက် ဘောလုံးအသင်းအား ဆုတံဆိပ်၊ ငွေသားဆုနှင့် တံခွန်စိုက်ဆုဖလားတို့အား ရပ်ကွက်အုပ်ချုပ်ရေးမှူးများက ချီးမြှင့်ခဲ့ကြသည်။


အဆိုပါ ဘောလုံးပြိုင်ပွဲကို ဩဂုတ်လ(၁၈)ရက်နေ့မှစ၍ မြို့ပေါ်ရပ်ကွက်များမှ ပြိုင်ပွဲဝင်(၈)သင်းတို့ ပါဝင်ယှဉ်ပြိုင်ခဲ့ကြကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)