ဩဂုတ် - ၂၉ ( သောကြာနေ့)
မနေ့က ဂျကာတာမြို့မှာ ဖြစ်ပွားခဲ့တဲ့ ပြင်းထန်တဲ့ ဆန္ဒပြမှုတွေကြောင့် အလုပ်သမားအဖွဲ့များ၏ အဓိက တောင်းဆိုချက်အများအပြားကို ဖြည့်ဆည်းပေးရန် အင်ဒိုနီးရှားအစိုးရက သဘောတူညီခဲ့ရပါတယ်။ ဆန္ဒပြသမားတွေနဲ့ ရဲတပ်ဖွဲ့တို့ကြား ရုန်းရင်းဆန်ခတ်မှုများကြောင့် ပြည်သူပိုင်ပစ္စည်းတွေနဲ့ အဆောက်အအုံများ ပျက်စီးခဲ့ရပါတယ်။
သမ္မတ ပရာဘိုဝီဆူဗြန်တို က အလုပ်ရပ်စဲမှုဆိုင်ရာ အလုပ်ရှင်အဖွဲ့နှင့် အလုပ်သမား လူမှုဖူလုံရေးကောင်စီကို ဖွဲ့စည်းရန် အတည်ပြုခဲ့ကြောင်း ကြေညာခဲ့ပါတယ်။ အလုပ်သမားတွေ ရင်ဆိုင်နေရတဲ့ စိန်ခေါ်မှုတွေကို ကိုင်တွယ်ဖြေရှင်းရာမှာ အဖွဲ့အစည်း နှစ်ခုစလုံးက အရေးကြီးပါတယ်။ အလုပ်သမားပါတီနှင့် အင်ဒိုနီးရှား အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် (KSPI) တို့က လာမည့်နှစ်တွင် အနည်းဆုံး အခကြေးငွေ ၈ ဒသမ ၅ ရာခိုင်နှုန်းမှ ၁၀ ဒသမ ၅ ရာခိုင်နှုန်း အထိ တိုးမြှင့်ပေးရန် ပြည်ထောင်စု တောင်းဆိုချက်များကို ဖြည့်ဆည်းပေးမည် ဆိုသည်ကိုမူ အတည်မပြုပါဘူး။
မနေ့က ပါလီမန်အပြင်ဘက်တွင် စုဝေးမှုသည် ယခုသီတင်းပတ်အတွင်း ဒုတိယအကြိမ်မြောက် လူထုဆန္ဒပြမှုဖြစ်ပါတယ်။ တနင်္လာနေ့တွင် ကျောင်းသားများ အပါအဝင် ထောင်နှင့်ချီသော ဆန္ဒပြသူများသည် လစာနှင့် ခံစားခွင့်များ နှင့်ပတ်သက်၍ ဆန့်ကျင်ရန် ပါလီမန်ရှေ့မှာ စုရုံးခဲ့ကြပါတယ်။ ဆန္ဒပြမှုနှစ်ခုလုံး မငြိမ်မသက်ဖြစ်ပြီး ရဲတပ်ဖွဲ့က မျက်ရည်ယိုဗုံးများနှင့် မီးသတ်ပိုက်များ အသုံးပြုခဲ့ကြပါတယ်။ ဒါဇင်နဲ့ချီပြီး ထိန်းသိမ်းခံခဲ့ရပေမယ့် အများစုကိုတော့ နောက်ပိုင်းမှာ ပြန်လွှတ်ပေးခဲ့ပါတယ်။
ပယ်မီရာဘူတာရုံအနီးရှိ CCTV ကင်မရာများနှင့် ပါလီမန်အဆောက်အအုံတစ်ဝိုက်ရှိ အတားအဆီးများ အပါအဝင် ဖျက်ဆီးမှုတွေကို ဆန္ဒပြသမားတွေက လုပ်ခဲ့ကြပါတယ်။ ဂျကာတာ ရဲတပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူက အဆိုပါ ဆူပူအုံကြွမှုသည် အလုပ်သမား ဆန္ဒပြသူများမဟုတ်ဘဲ သီးခြားခွဲထွက်အဖွဲ့တွေက လုပ်ခဲ့ကြတာလို့ ဆိုပါတယ်။
“အလံတွေကို မီးရှို့တာ၊ လွှတ်တော်ဂိတ်တွေနဲ့ CCTV တွေကို ဖျက်စီးတာ၊ ကျူးကျော်တာတွေ စတဲ့ မင်းမဲ့စရိုက်ဆန်ဆန် လုပ်ရပ်တွေ လုပ်ခဲ့တယ်။ အဲ့ဒါတွေက ဆိုရှယ်မီဒီယာမှတစ်ဆင့် သွေးထိုးလှုံ့ဆော်မှုကြောင့်ပဲ ဖြစ်ပါတယ်။ အထက်တန်းကျောင်းသားကျောင်းသူ ၂၇၆ ဦးကိုလည်း ဖမ်းဆီးခဲ့ရကြောင်းနဲ့ သူတို့ထဲက အချို့မှာ ရဲတပ်ဖွဲ့ဝင်များကို မြှားတွေ၊ ပုလင်းတွေနဲ့ ရဲတပ်ဖွဲ့ဝင်များကို ပစ်ပေါက်ခဲ့ကြောင်း ၎င်းက ပြောကြားခဲ့ပါတယ်။
REF: Jakata post
https://t.me/MyanmarNationalPost



No comments:
Post a Comment