နီပေါက ဧရဝက်တောင်တက်ခွင့်ကိုကြေးတိုးပြီး အခြားတောင် ၉၇ လုံးကို အခမဲ့ တက်ခွင့်ပြု - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

နီပေါက ဧရဝက်တောင်တက်ခွင့်ကိုကြေးတိုးပြီး အခြားတောင် ၉၇ လုံးကို အခမဲ့ တက်ခွင့်ပြု




ဩဂုတ် - ၁၃ ( ဗုဒ္ဓဟူးနေ့ ) 

နီပေါနိုင်ငံက ဟိမဝန္တာတောင်တန်းပေါ်ရှိ တောင် ၉၇ ခုအတွက် အခမဲ့တောင်တက်ခွင့်ကို ပြုလုပ်ပေးမည်ဖြစ်ပြီး ဧဝရတ်တောင်သို့ တက်ရောက်ရန် အခကြေးငွေကိုတော့ တိုးလိုက်ပါတယ်။ 

နီပေါနိုင်ငံ ကာနယ်လီ နဲ့ ဆူဒါပါရှင် ပြည်နယ်များတွင် အမြင့်ပေ ၁၉၅၉၀ နဲ့ ၂၃၃၉၈ ပေရှိတဲ့ တောင်ထိပ်များကို ဝေးလံခေါင်သီသော ပြည်နယ်အချို့တွင် ခရီးသွားလာရေး ပိုမိုကောင်းမွန်ရန် ဖန်တီးခြင်း နဲ့ ဧဝရတ်တောင်ပေါ်တွင် လူများပြည့်လျှံမှုမှ ကာကွယ်ရန် အစိုးရက စီစဉ်ပေးထားလိုက်တာပဲ ဖြစ်ပါတယ်။ 

"အခြားဒေသကတောင်တွေမှာလည်း ရင်သပ်ရှုမောဖွယ် အလှတွေ ရှိနေပေမယ့်၊ အဲ့ဒီမှာ ခရီးသွားတွေနဲ့ တောင်တက်သူ အရေအတွက်က အရမ်းနည်းနေလို့ အခုလုပ်တဲ့ ပံ့ပိုးမှုအသစ်က အထောက်အကူဖြစ်မယ်လို့ မျှော်လင့်ပါတယ်" လို့ နီပေါ ခရီးသွားဌာန ဒါရိုက်တာ ဟီမယ်ဂူတန် က ပြောပါတယ်။ 

"တောင်တွေက အလုပ်အကိုင်တွေ ဖန်တီးပေးနိုင်တယ်၊ ဝင်ငွေတွေ ဖန်တီးပေးနိုင်တယ်၊ ဒေသတွင်းစီးပွားရေးကို အားကောင်းစေတယ်။ နီပေါအစိုးရက ဧဝရတ်တောင်သို့ တက်လိုသူတိုင်းကို မိမိတို့နိုင်ငံရှိ ပေ ၂၃,၀၀၀ ကျော်မြင့်သော တောင်ကို ပထမဆုံးတက်ရောက်နိုင်စေမယ့် ဥပဒေသစ်တစ်ရပ်ကိုလည်း ထည့်သွင်းစဉ်းစား နေပါတယ်။ 

ဧဝရတ်တောင်ထိပ်သို့ တက်ရောက်ခွင့် စရိတ်သည် ယခုနှစ် စက်တင်ဘာလတွင် ဒေါ်လာ ၁၁၀၀၀ မှ ဒေါ်လာ ၁၅၀၀၀ အထိ ရှိမည်ဖြစ်ကြောင်း၊  ပါမစ်အခကြေးငွေများသည် နီပေါအတွက် အရေးကြီးသော ဝင်ငွေစီးကြောင်းတစ်ခု ဖြစ်ပြီး နိုင်ငံ့စီးပွားရေး၏ ၄ % ကျော်ကို ယူဆောင်နေကြောင်း ဆိုပါတယ်။ 

၂၀၂၄ ခုနှစ်တွင် နီပေါအစိုးရသည် တောင်တက်ကြေး ဒေါ်လာ ၆သန်း နီးပါး ရရှိခဲ့ပြီး အဲ့ဒိထဲက ကန်ဒေါ်လာ ၄သန်းခွဲက ဧရဝက်တောင်ကနေ ရရှိခဲ့တယ်လို့ သိရပါတယ် ။ 


REF: UPI

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)