မြောက်ဥက္ကလာပ၊ ဩဂုတ် ၁၃
ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ်၌ မှတ်ပုံတင်ထားခြင်းမရှိသည့် တိုင်းရင်းဆေးများ နှင့် သက်တမ်းလွန် ဆေးဝါးများ ရောင်းချမှု ၊ ရှိမရှိ စစ်ဆေးခြင်းကို ယမန်နေ့ ညနေပိုင်းက မေဓာဝီဈေးအနီးရှိ ဆေးဆိုင်များတွင် ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ခဲ့ကြသည်။
ထိုသို့ ကွင်းဆင်းစစ်ဆေးဆောင်ရွက်ရာတွင် မြို့နယ်တိုင်းရင်းဆေးကုဌာန၊ မြို့နယ်တိုင်းရင်းဆေးမှူး ၊ ဦးစီးအရာရှိ ဒေါ်ဖြူဖြူဥ ၊ မြို့နယ်ပြန်ကြားရေး နှင့်ပြည်သူ့ ဆက်ဆံ ရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်သိင်္ဂီပြည့်ဖြိုး နှင် တာ၀န်ရှိသူများက မေဓာဝီဈေးအနီးရှိ ဆေးဆိုင်များတွင် မှတ်ပုံတင်ထားခြင်းမရှိသည့် တိုင်းရင်းဆေးများ နှင့် သက်တမ်းလွန် ဆေးဝါးများ ရောင်းချ မှု ၊ ရှိမရှိ စစ်ဆေးခြင်း၊တိုင်းရင်းဆေးဆိုင်များတွင် ဆေးဝါးမှတ်ပုံတင်ခွင့်ပြုထားခြင်းမရှိသော ဆေးမေတ္တာအမှတ်တံဆိပ် တိုင်းရင်းဆေးများထုတ်လုပ်ရောင်းချမှု မရှိစေရေးကွင်းဆင်းစစ်ဆေး အသိပေးဆောင်ရွက်ခဲ့ကြကြောင်းသိရသည်။
သက်လွင်စိုး
https://t.me/MyanmarNationalPost



No comments:
Post a Comment