ကလေးဝမြို့တွင် မိုးစပါးပန်းတိုင်အထွက်နှုန်းရရှိရေးအတွက် သိပ္ပံနည်းကျစိုက်ပျိုးနည်းစနစ်ဖြင့် သရုပ်ပြစိုက်ပျိုး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကလေးဝမြို့တွင် မိုးစပါးပန်းတိုင်အထွက်နှုန်းရရှိရေးအတွက် သိပ္ပံနည်းကျစိုက်ပျိုးနည်းစနစ်ဖြင့် သရုပ်ပြစိုက်ပျိုး




ကလေးဝ ၊  သြဂုတ် ၁၃


စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးဝမြို့တွင် မိုးစပါးပန်းတိုင်အထွက်နှုန်း ရရှိရေးအတွက် အောင်နိုင်တိုးအထွက်ကောင်း စပါးမျိုးသိပ္ပံနည်းကျစိုက်ပျိုးနည်းစနစ်ဖြင့် သရုပ်ပြစိုက်ပျိုးခြင်းကို ယနေ့နံနက် ၉ နာရီက ကိုင်းကျေးရွာ၌ လက်တွေ့သရုပ်ပြစိုက်ပျိုးခဲ့ကြကြောင်း သိရသည်။

အဆိုပါလက်တွေ့သရုပ်ပြစိုက်ပျိုးပွဲတွင် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဒုဦးစီးမှူး ဦးသန်းထွန်းကြီးက သိပ္ပံနည်းကျစိုက်ပျိုးနည်းစနစ်ဖြင့် သရုပ်ပြပွဲဆောင်ရွက်ရခြင်း၏ ရည်ရွယ်ချက်နှင့် စိုက်နည်းစနစ်များကို ရှင်းလင်းပြောကြားခဲ့သည်။

ဆက်လက်၍ ကိုင်းကျေးရွာတောင်သူ ဦးစောနိုင်၏ ကွင်းအမှတ် ၃၈၊  ဦးပိုင်အမှတ် ၄၁၊ လယ်မြေ ၀.၄၅ ဧက၌ ဒေသခံတောင်သူများနှင့် စိုက်ပျိုးရေးဝန်ထမ်းများက ပူးပေါင်း၍  အုန်းခံစနစ် ဆယ်တန်းတစ်တန်းလှပ်တန်းကြားပင်ကြား ၇ လက်မ ၆ လက်မ သိပ္ပံနည်းကျ စိုက်ပျိုးနည်းစနစ်ဖြင့် လက်တွေ့သရုပ်ပြစိုက်ပျိုးခဲ့ကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)