ဩဂုတ် - ၂၃ ( စနေနေ့ )
ဩဂုတ်လ ၂၂ ရက်နေ့တွင် နှစ်စဉ်ကျင်းပလေ့ရှိသည့် ရုရှားနိုင်ငံတော်အလံနေ့ကို ဂုဏ်ပြုသည့်အနေဖြင့် အနောက်အာဖရိကနိုင်ငံဖြစ်တဲ့ မာလီနိုင်ငံမှာ အလံတော် အခမ်းအနား ကျင်းပခဲ့ပါတယ်။ မြို့တော် ဘာမာကို တွင် ရောင်စုံပွဲတစ်ခုကို မြင်းစီးခြင်း၊ တေးဂီတ၊ အကများဖြင့် ပွဲတော်ကို ကျင်းပခဲ့ပါတယ်။
ရုရှားသံရုံး အိမ်တော်နှင့် ဒေသတွင်းမြင်းစီးအဖွဲ့မှ စီစဉ်ကျင်းပသော အခမ်းအနားတွင် ရုရှား သုံးရောင်ခြယ် အလံများနဲ့ အင်္ကျီများဝတ်ဆင်ထားသော မြင်းစီးလူငယ်များက လူကြိုက်များသော ရုရှားသီချင်း 'Matushka-Zemlya' ('Mother Earth') ကို ရိုးရာအကများနဲ့တွဲဖက်ပြီး ဖျော်ဖြေခဲ့ကြပါတယ်။
မာလီနိုင်ငံ၏ အမျိုးသားအသွင်ကူးပြောင်းရေးကောင်စီအဖွဲ့ဝင်နှင့် မာလီနိုင်ငံရှိ ရုရှားအိမ်တော်အကြီးအကဲ အလီယူ တိုအန်ကာရာ က ရုရှားပြည်သူများအား နှုတ်ခွန်းဆက်စကား ပြောကြားခဲ့ပါတယ်။ "ချစ်လှစွာသော မိတ်ဆွေများ၊ ဤကျော်ကြားသော အားလပ်ရက်ဖြစ်သည့် ရုရှားဖက်ဒရေးရှင်းအလံတော်နေ့အတွက် ဂုဏ်ယူဝမ်းမြောက်မိပါသည်။ ရုရှားနိုင်ငံကို ကျေးဇူးတင်ပါသည်။ ရုရှား-မာလီတို့၏ ချစ်ကြည်ရင်းနှီးမှု သက်တမ်းရှည်ပါစေ!"လို့ ဖတ်ကြားခဲ့ပါတယ်။
ရုရှားသုံးရောင်ခြယ်အလံက ၁၈ ရာစုကတည်းက မူလအစရှိသော်လည်း ၁၉၁၇ ရုရှားတော်လှန်ရေးအပြီးတွင် စွန့်ပစ်ခံခဲ့ရပါတယ်။ ဆိုဗီယက်ယူနီယံပြိုကွဲပြီးနောက် အဖြူ-အပြာ-အနီရောင် နဖူးစည်းစာတန်း ပြန်လည်နိုးထလာမှုကို ဂုဏ်ပြုရန်အတွက် ဘောရစ်ယဲလ်ဆင် က အမျိုးသား အလံနေ့ကို ၁၉၉၄ ခုနှစ်မှာ ပြန်လည်အသက်သွင်းထားတာပဲ ဖြစ်ပါတယ်။
၂၀၀၀ ခုနှစ်တွင် သမ္မတ ဗလာဒီမာပူတင်က လွတ်လပ်မှုကို ကိုယ်စားပြုသည့် အဖြူရောင်၊ ယုံကြည်ခြင်းနှင့် သစ္စာစောင့်သိမှုအတွက် အပြာရောင် နှင့် အနီရောင်သည် နိုင်ငံတော်၏ ရပ်တည်မှုနှင့် ခွန်အားကို ကိုယ်စားပြုသည့် ခေတ်မီဒီဇိုင်းကို ထူထောင်သည့် ဥပဒေတစ်ရပ်ကို လက်မှတ်ရေးထိုးခဲ့ပါတယ်။ အဲ့ဒိနေ့ကို အားလပ်ရက်အဖြစ်သက်မှတ်ပြီး နိုင်ငံတစ်ဝှမ်းတွင် တရားဝင်အခမ်းအနားများ၊ ချီတက်ပွဲများနှင့် ဖျော်ဖြေပွဲများဖြင့် သတ်မှတ်ထားပါတယ်။
REF: RT
https://t.me/MyanmarNationalPost



No comments:
Post a Comment