အရှေ့တောင်အာရှဆိုင်ရာ ရုရှားအော်သိုဒေါ့ ခရစ်ယာန်အသင်းတော်၏ မြန်မာနိုင်ငံဆိုင်ရာ အသင်းတော်စည်းမျဉ်း လက်မှတ်ရေးထိုးမှတ်တမ်းတင်ခြင်းအခမ်းအနား ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

အရှေ့တောင်အာရှဆိုင်ရာ ရုရှားအော်သိုဒေါ့ ခရစ်ယာန်အသင်းတော်၏ မြန်မာနိုင်ငံဆိုင်ရာ အသင်းတော်စည်းမျဉ်း လက်မှတ်ရေးထိုးမှတ်တမ်းတင်ခြင်းအခမ်းအနား ကျင်းပ







ရန်ကုန်၊ ဩဂုတ် ၁၃

သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနက အရှေ့တောင်အာရှဆိုင်ရာ ရုရှားအော်သိုဒေါ့ ခရစ်ယာန်အသင်းတော်၏ မြန်မာနိုင်ငံဆိုင်ရာ အသင်းတော်စည်းမျဉ်းများကို လက်မှတ်ရေးထိုးမှတ်တမ်းတင်ခြင်း အခမ်းအနားကို ယမန်နေ့က ရန်ကုန်မြို့ရှိ Summit Parkview Hotel ၌ ကျင်းပသည်။

အခမ်းအနားသို့ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအေးထွန်း၊ ရန်ကုန် တိုင်းဒေသကြီး တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောဂျက်ကော့ထူး၊ မြန်မာနိုင်ငံဆိုင်ရာ ရုရှား သံအမတ်ကြီး H.E. Mr. Iskander AZIZOV၊ အရှေ့တောင်အာရှနှင့် စင်ကာပူနိုင်ငံဆိုင်ရာ ရုရှား အော်သိုဒေါ့ဘုန်းတော်ကြီး His Eminence SERGIY၊ ရုရှားကိုယ်စားလှယ်အဖွဲ့၊ သာသနာရေးဦးစီးဌာနညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

ဦးစွာ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအေးထွန်းက နိုင်ငံတော်အစိုးရ၏ လမ်းညွှန်ချက်နှင့်အညီ မြန်မာနိုင်ငံနှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံတို့အကြား သာသနာရေးကဏ္ဍ ပူးပေါင်းဆောင်ရွက်မှုအနေဖြင့် သာသနာရေးလုပ်ငန်း ဆောင်ရွက်ခွင့်ပြုခြင်းဆိုင်ရာ သဘောတူစာချုပ် (Letter of Agreement on granting permission to carry out religious work)အား ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီ ၁၈ ရက်တွင် နေပြည်တော် MGallery Hotel ၌ လက်မှတ်ရေးထိုးခဲ့ပြီး ဖြစ်ကြောင်း။

ရုရှားအော်သိုဒေါ့အသင်းတော်အတွက် အသင်းအဖွဲ့ရုံးနှင့် ဘာသာရေးအဆောက်အအုံ ဆောက်လုပ်ခြင်း၊ ရန်ပုံငွေထူထောင်ခြင်း၊ ဘဏ်ငွေစာရင်း ဖွင့်လှစ်ခြင်း၊ အသင်းတော်၏ ရည်ရွယ်ချက်နှင့်အညီ နိုင်ငံတော်အတွင်း ဘာသာရေးဆိုင်ရာ လှုပ်ရှား ဆောင်ရွက်ခြင်းများကို ဥပဒေနှင့်အညီ လျှောက်ထား ရယူရာတွင် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနက လိုအပ်သည့် အကူအညီများ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ ယနေ့ ရုရှားအော်သိုဒေါ့အသင်းတော်စည်းမျဉ်း လက်မှတ်ရေးထိုးမှတ်တမ်းတင်ခြင်း အခမ်းအနားမှတစ်ဆင့် နှစ်နိုင်ငံအကြား ဘာသာရေး ကဏ္ဍပူးပေါင်းဆောင်ရွက်မှုများ ပိုမိုအားကောင်းလာပါစေ၊ ချစ်ကြည်ရင်းနှီးမှုများ ရေရှည်တည်တံ့ပါစေ၊ အပြန်အလှန်နားလည်မှု၊ ယုံကြည်မှုများ ပိုမိုတည်တံ့နိုင်ပါစေကြောင်း ပြောကြားသည်။

ထို့နောက် သာသနာရေးလုပ်ငန်းဆောင်ရွက်ခွင့်ပြုခြင်းဆိုင်ရာ သဘောတူစာချုပ် (LOA) အပိုဒ် ၅ ဒသမ ၁ နှင့်အညီ “အရှေ့တောင်အာရှဆိုင်ရာ ရုရှားအော်သိုဒေါ့ခရစ်ယာန်အသင်းတော်၏ မြန်မာနိုင်ငံဆိုင်ရာ အသင်းတော်စည်းမျဉ်း (Statute)” အား မှတ်တမ်းတင်လက်ခံထားရှိကြောင်း သာသနာရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့် ဘုန်းတော်ကြီး His Eminence SERGIY တို့က လက်မှတ်ရေးထိုး ကြသည်။

ယင်းနောက် အရှေ့တောင်အာရှနှင့် စင်ကာပူနိုင်ငံဆိုင်ရာ ရုရှားအော်သိုဒေါ့ ဘုန်းတော်ကြီး His Eminence SERGIY က အရှေ့တောင်အာရှဆိုင်ရာ ရုရှားအော်သိုဒေါ့ခရစ်ယာန်အသင်းတော်၏ မြန်မာနိုင်ငံဆိုင်ရာ အသင်းတော်စည်းမျဉ်းအား ရေးဆွဲအတည်ပြုနိုင်ခဲ့မှုအပေါ် ကျေးဇူးတင်စကား ပြောကြားသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)