ဒုတိယဝန်ကြီး ဦးအေးကျော် မန္တလေးခရိုင်အတွင်းရှိ ၂၃၀ ကေဗွီ မြောက်ပြင်ပင်မဓာတ်အားခွဲရုံနှင့် ၁၃၂ ကေဗွီ တံခွန်တိုင်ပင်မဓာတ်အားခွဲရုံများ၏ ဓာတ်အားပို့လွှတ်ဖြန့်ဖြူးပေးနေမှု ကြည့်ရှုစစ်ဆေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဒုတိယဝန်ကြီး ဦးအေးကျော် မန္တလေးခရိုင်အတွင်းရှိ ၂၃၀ ကေဗွီ မြောက်ပြင်ပင်မဓာတ်အားခွဲရုံနှင့် ၁၃၂ ကေဗွီ တံခွန်တိုင်ပင်မဓာတ်အားခွဲရုံများ၏ ဓာတ်အားပို့လွှတ်ဖြန့်ဖြူးပေးနေမှု ကြည့်ရှုစစ်ဆေး


နေပြည်တော်၊ ဩဂုတ် ၁၃

လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအေးကျော်သည် ဩဂုတ် ၁၀ ရက် နံနက်ပိုင်းတွင် မန္တလေးတိုင်းဒေသကြီး မန္တလေးခရိုင်အတွင်းရှိ ၂၃၀ ကေဗွီ မြောက်ပြင်ပင်မဓာတ်အားခွဲရုံနှင့် ၁၃၂ ကေဗွီ တံခွန်တိုင်ပင်မဓာတ်အားခွဲရုံများ၏ ဓာတ်အားပို့လွှတ်ဖြန့်ဖြူးပေးနေမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးသည်။

ဦးစွာ ဒုတိယဝန်ကြီး ဦးအေးကျော်သည် မန္တလေးတိုင်းဒေသကြီး မန္တလေးခရိုင်အတွင်းရှိ ၂၃၀ ကေဗွီ မြောက်ပြင်ပင်မဓာတ်အားခွဲရုံသို့ ရောက်ရှိပြီး ဓာတ်အားခွဲရုံအစည်းအဝေးခန်းမတွင် တာဝန်ရှိသူ များနှင့်တွေ့ဆုံ၍ ထရန်စဖော်မာဝန်အားများကို အမြဲစစ်ဆေး၍ မှတ်တမ်းထားရှိရန်၊ ဓာတ်အားလွှတ် ပစ္စည်းများအား ပုံမှန်စစ်ဆေးပြီး ထိန်းသိမ်းပြုပြင်ရေးလုပ်ငန်းများ ဆောင်ရွက်သွားကြရန်၊ ဓာတ်အားခွဲရုံနှင့် ဓာတ်အားလိုင်း ထိန်းသိမ်းပြုပြင်ခြင်းလုပ်ငန်း များဆောင်ရွက်ရာတွင် အန္တရာယ်ကင်းရှင်းစွာဖြင့် ဆောင်ရွက်သွားနိုင်ရေး အထူးသတိပြုဆောင်ရွက်သွားကြရန်နှင့် စီမံကိန်းလက်ကျန်ပစ္စည်းများကိုလည်း စနစ်တကျထိန်းသိမ်းထားရှိရန်မှာကြားကာ ဓာတ်အားခွဲရုံ Protecion Room နှင့် Switch Yard အတွင်း ဓာတ်အားထိန်းချုပ်ပို့လွှတ်ဖြန့်ဖြူးနေမှု အခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးသည်။

ထို့နောက် ၁၃၂ ကေဗွီ တံခွန်တိုင်ပင်မဓာတ်အားခွဲရုံသို့ရောက်ရှိကာ ဓာတ်အားထိန်းချုပ်ခန်းနှင့် ဓာတ်အားခွဲရုံ Switch Yard အတွင်း လှည့်လည်ကြည့်ရှုစစ်ဆေးပြီး Regional Control Center သို့ ရောက်ရှိရာ တာဝန်ရှိသူများက မန္တလေးငလျင်ကြီးကြောင့် ထိခိုက်ပျက်စီးမှုများအပေါ် ပြန်လည်ပြင်ဆင်ပြီးစီးနေမှုအခြေအနေများကို လိုက်လံရှင်းလင်းတင်ပြကြရာ ဒုတိယဝန်ကြီးက လုပ်ငန်းခွင်အန္တရာယ် ကင်းရှင်းစေရေး အလေးထားဆောင်ရွက်သွားကြရန် မှာကြားသည်။

မွန်းလွဲပိုင်းတွင် ကျောက်ဆည်ခရိုင် လျှပ်စစ်မန်နေဂျာရုံးသို့ ရောက်ရှိပြီး ဝန်ထမ်းများနှင့် တွေ့ဆုံ၍ ဒုတိယဝန်ကြီးက မီတာဖတ်ရှုမှုများ မှန်မှန်ကန်ကန်ဖတ်ရှုမှတ်တမ်းတင်သွားနိုင်ရေး တာဝန်ရှိသူများက အထူးအလေးအနက်ထား ဆောင်ရွက်သွားကြရန်၊ မီတာများအား Analog စနစ်မှ AMI စနစ်သို့ ပြောင်းလဲတပ်ဆင်ရာတွင် အမှားအယွင်းများ မဖြစ်ပေါ်စေရေး လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက်သွားကြရန်၊ မီတာဖတ်ရှုမှု၊ မီတာတပ်ဆင်မှုနှင့် မီတာစစ်ဆေး မှုများတွင် Cross Check ၊ Spot Check ၊ Counter Check များဖြင့် အမြဲမပြတ် စစ်ဆေးစောင့်ကြည့်ပြီး မီတာအသစ်တပ်ဆင်ခြင်း စီမံချက်များဖြင့် စနစ်တကျ မြန်မြန်ဆန်ဆန် တပ်ဆင်ဆောင်ရွက်သွားနိုင် ရေးတို့ကိုမှာကြားပြီး ဝန်ထမ်းများ၏  တင်ပြချက်များအပေါ် လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)