နေပြည်တော်၊ ဩဂုတ် ၁၃
ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ သက်ခိုင်ဝင်းသည် အပြည်ပြည် ဆိုင်ရာ ရွှေ့ပြောင်းသွားလာရေးအဖွဲ့ (International Organization for Migration-IOM) ၏ အာရှ-ပစိဖိတ် ဒေသဆိုင်ရာညွှန်ကြားရေးမှူး Mr. Iori KATO အား ယမန်နေ့က ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။
တွေ့ဆုံစဉ် ဝန်ကြီးဌာနနှင့် IOM တို့အကြား နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုး နိုင်ရေးကိစ္စရပ်များ၊ ဝန်ကြီးဌာန နှင့် IOM တို့ ကျန်းမာရေးပူးပေါင်းဆောင်ရွက်မှုလုပ်ငန်းများ ပူးပေါင်း ဆောင်ရွက်ခဲ့သည်မှာ နှစ်ပေါင်း ၂၀ ခန့်ကြာမြင့်ခဲ့ပြီဖြစ်ရာ ဆက်လက်ပူးပေါင်းဆောင်ရွက်မည့် ကိစ္စရပ်များ၊ ခုခံအားကျကာလသားရောဂါနှင့် တီဘီရောဂါကာကွယ်ကုသရေးလုပ်ငန်းများနှင့် နိုင်ငံတော်က နှစ်စဉ် အေအာတီနှင့် တီဘီရောဂါ ကုသရေးဆေးဝါးများ ဝယ်ယူပံ့ပိုးပေးလျက်ရှိသည့် ကိစ္စရပ်များ၊ ရွှေ့ပြောင်းလုပ်သားများ၏ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ပိုမိုတိုးမြှင့်ဆောင်ရွက်ရေးကိစ္စရပ်များ၊ မန္တလေး ငလျင်ဘေးသင့်ဒေသများတွင် စိတ်ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ ပူးပေါင်းဆောင်ရွက်ရေးကိစ္စရပ်များကို အမြင်ချင်း ဖလှယ်ဆွေးနွေးကြသည်။
တွေ့ဆုံပွဲသို့ ကျန်းမာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးနှင့် ညွှန်ကြားရေးမှူးချုပ်များ၊ မြန်မာနိုင်ငံ ဆိုင်ရာ IOM ရုံးမှ ကိုယ်စားလှယ်များ၊ ကျန်းမာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများ တက်ရောက်ကြ ကြောင်း သိရသည်။
https://t.me/MyanmarNationalPost

No comments:
Post a Comment