မအူပင်မြို့၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ အခြေခံပညာကျောင်းပေါင်းစုံအသက် ၁၆ နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

မအူပင်မြို့၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ အခြေခံပညာကျောင်းပေါင်းစုံအသက် ၁၆ နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကျင်းပ



မအူပင် ၊  ဩဂုတ် ၁၃


ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ အခြေခံပညာကျောင်းပေါင်းစုံ အသက် ၁၆ နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲဖွင့်ပွဲ အခမ်းအနားအား ယနေ့နံနက် ၈ နာရီက မြို့နယ်အားကစားကွင်းအတွင်း ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အခမ်းအနားအား မအူပင်ခရိုင် ပညာရေးမှူးဒေါက်တာသန္တာဆွေ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးတိုးတိုးဝင်းနှင့် မြို့နယ်ပညာရေးမှူး ဒေါ်စန်းယုမော်တို့မှ ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးပြီး ခရိုင်ပညာရေးမှူးမှ အဖွင့်အမှာစကားပြောကြားသည်။ ယင်းနောက် အခြေခံပညာကျောင်းပေါင်းစုံ အားကစားသမားများမှ သစ္စာဓိဋ္ဌာန်ရွတ်ဆိုပြီး စစ်ကြောင်းမှူး ဦးဆောင်၍ အားကစားသမားများမှ ချီတက်အလေးပြုကြသည်။ ဆက်လက်၍ ထက်မြတ်ရတနာ ကိုယ်ပိုင်အထက်တန်းကျောင်းမှ ကျောင်းသူလေးများက ပန်းပွားအကဖြင့်လည်းကောင်း၊ အခြေခံပညာကျောင်းများမှ ကျောင်းသူလေးများက Fitness Dance အကဖြင့်လည်းကောင်း ကပြ ဖျော်ဖြေခဲ့ကြပြီး အဖွင့်ပွဲစဥ်အဖြစ် အ.ထ.ကကျုံနတ္တော် အမျိုးသားဘောလုံးအသင်းနှင့် အ.ထ.က လေးအိမ်စု အမျိုးသားဘောလုံးအသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ကြသည်။

အဆိုပါ အသက် ၁၆ နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲဖွင့်ပွဲ အခမ်းအနားအား မအူပင်ခရိုင် ပညာရေးမှူးဒေါက်တာသန္တာဆွေ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေး ကော်မတီဥက္ကဋ္ဌဦးတိုးတိုးဝင်း၊ မြို့နယ်ပညာရေးမှူး ဒေါ်စန်းယုမော်နှင့် မအူပင်မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ တာဝန်ရှိသူဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြပြီး အခြေခံပညာကျောင်းဇုံ ၈ ဇုံမှ အမျိုးသား ဘောလုံးအသင်း ၈ သင်းပါဝင်ယှဉ်ပြိုင်ခဲ့ကြောင်း သိရသည်။


အောင်မြင့်မြတ်

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)