မြို့ပြနှင့်ကျေးလက်ကွာဟမှုမရှိရေး ဖျောက်ဆိပ်ကျေးရွာအဝင်လမ်းအား ကွန်ကရစ်ခင်းပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မြို့ပြနှင့်ကျေးလက်ကွာဟမှုမရှိရေး ဖျောက်ဆိပ်ကျေးရွာအဝင်လမ်းအား ကွန်ကရစ်ခင်းပေး




ကျောက်ဆည် ၊  ဩဂုတ် ၁၃


မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်တွင် မြိုပြနှင့်ကျေးလက်ကွာဟမှု မရှိစေရေး ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်တွင် မြို့နယ်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ ဖျောက်ဆိပ် ပင်ကျေးရွာ အဝင်လမ်းအား ကွန်ကရစ်လမ်းအဖြင့် အဆင့်မြှင့်တင်ပေးလျက်ရှိရာ (၂၅) ရာခိုင်နှုန်း ပြီးစီပြီဖြစ်ကြောင်း သိရသည်။


အဆိုပါ ကျေးရွာအဝင်လမ်းသည် ကျောက်ဆည်-စက်မှုဇုံ၊ ခရိုင်ချင်းဆက်လမ်းနှင့် ဆက်သွယ်ထားသော လမ်းဖြစ်ပြီး ကျေးရွာသူ၊ ကျေးရွာသားများ၏ လူမှုရေး၊ စီးပွားရေး၊ ကျန်းမာရေး စသည့် ကဏ္ဍမျိုးစုံ အသုံးပြုလျက်ရှိသည့်အတွက် ပြည်သူများ လူမှုဘဝ ဖွံ့ဖြိုးတိုးတက်ရေး ပြည်ထောင်စုခွင့်ပြုရန်ပုံငွေ (၁၂၃.၀၉)ကျပ်သန်း အကုန်အကျခံကာ winner myanmar ကုမ္ပဏီမှ (၂လက်မx၄လက်မ) ကျောက်များဖြင့် ထု (၆) လက်မ၊ အကျယ် (၁၄) ပေ ကျောက်သားထုခင်းပြီး ၎င်းကျောက်သားလမ်းပေါ်တွင် အကျယ် (၁၂) ပေ၊ ထု (၇) လက်မ ကွန်ကရစ်ခင်းပေးခြင်းလုပ်ငန်းများ ဆောင်ရွက်ပေးခြင်းဖြစ်ကြောင်းနှင့် လမ်းရေရှည်တည်တံ့ရေးနှင့် အရည်အသွေး ပြည့်မီရေး မြို့နယ်ကျေးလက်လမ်း ဖွံ့ဖြိုးရေးဦးစီးဌာနမှ အနီးကပ် ကြီးကြပ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

လမ်းအဆင့်မြှင့်တင်ခြင်းလုပ်ငန်းများ ပြီးစီးသွားပါက ဖျောက်ဆိပ်ပင်ကျေးရွာမှ အိမ်ခြေ (၁၀၀၇) အိမ်၊ လူဦးရေ (၆၅၉၈) ဦးတို့၏ လူမှုဘဝများ ဖွံ့ဖြိးတိုးတက်လာမည်ဖြစ်ကြောင်း အခြားကျေးရွာများနှင့် ကူလူးဆက်သွယ်ရာ၌ ရာသီမရွေး သွားလာနိုင်မည်ဖြစ်ကြောင်း သိရသည်။


သက်မောင်(ကျောက်ဆည်)

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)