ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင် နေပြည်တော် ဟိုတယ်ဇုန် (၁) အတွင်းရှိ ဟိုတယ်များ ကြည့်ရှုစစ်ဆေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင် နေပြည်တော် ဟိုတယ်ဇုန် (၁) အတွင်းရှိ ဟိုတယ်များ ကြည့်ရှုစစ်ဆေး


နေပြည်တော်၊ ဩဂုတ် ၁၃

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနနှင့် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်သည် ဒုတိယဝန်ကြီး ဦးဖြိုးဇော်စိုး၊ တာဝန်ရှိသူများနှင့်အတူ ယမန်နေ့က ပြည်ထောင်စုနယ်မြေ နေပြည်တော် ဒက္ခိဏသီရိမြို့နယ် ဟိုတယ်ဇုန် (၁) ရာဇသင်္ဂဟလမ်းမကြီးရှိ ဟိုတယ်များ သန့်ရှင်းသာယာလှပရေး ဆောင်ရွက်ထားရှိမှု၊ မန္တလေးမြေငလျင်ကြီးကြောင့် ထိခိုက်ပျက်စီးမှုများ ပြုပြင်မွမ်းမံဆောင်ရွက်နေမှုနှင့် ဧည့်သည်လက်ခံ၍ ဝန်ဆောင်မှုပေးနေမှုများကို ကြည့်ရှုစစ်ဆေး သည်။

ကြည့်ရှု စစ်ဆေးစဉ် ပြည်ထောင်စုဝန်ကြီးက ဟိုတယ်များ ချုံနွယ်ပိတ်ပေါင်းများ ရှင်းလင်း၍ မြင်ကွင်းပသာဒ ကောင်းမွန်အောင် ဆောင်ရွက်ရန်၊ ဟိုတယ်အခန်းများအတွင်း ဧည့်သည် အသုံးအဆောင်ပစ္စည်းများ ပြည့်စုံအောင်စီစဉ်ထားရှိရန်၊ အရေးပေါ်ထွက်ပေါက်ပြ သတိပေး ဖော်ပြချက်များ မြင်သာသည့်နေရာတွင် ထားရှိရန်၊ ဧည့်သည်များအား အရည်အသွေးကောင်း သော ဝန်ဆောင်မှုပေးနိုင်ရေး ကြပ်မတ်ဆောင်ရွက်ရန်၊ ဟိုတယ်များ ပြန်လည်တည်ဆောက်ပြုပြင် ရာတွင် ဘေးအန္တရာယ်ကင်းရှင်းရေးကို အထူးဂရုပြုဆောင်ရွက်ရန် မှာကြားပြီး ဟိုတယ်ဝင်းအတွင်း နေရောင်ခြည်စွမ်းအင်သုံးဆိုလာစနစ် တပ်ဆင်သုံးစွဲနိုင်ရေး ပြင်ဆင်ထားရှိမှုများကို ကြည့်ရှုစစ်ဆေးခဲ့သည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)